74.2

11.8K 2.1K 132
                                    

Unicode

စင်မြင့်နှင့် အနီးဆုံး ဧည့်ခံစားပွဲတစ်ပွဲတွင်—ယွမ်ရွေ့က ရှီယွင်နန်နဲ့ လော့လင်းရှန်းအတွက် ရှန်ပိန်လေးယူပေးကာ ပြောလာသည်။

"မင်းတို့ မလာတော့ဘူးထင်နေတာ"

ရှီယွင်နန် ရှန်ပိန်တစ်ငုံသောက်လိုက်ပြီး ပြန်ပြောလိုက်သည်။ "ဘာလို့ စောစောလာရမှာလဲ? ငါကတော့ မင်းလို တစ်ယောက်တည်းပစ်မထားခံချင်ပါဘူး "

ယွမ်ရွေ့ ဒေါသတကြီး ပြန်ပြောတော့အချိန်မှာပဲ သူတို့မျက်နှာချင်းဆိုင်ကနေ အသံကြားလိုက်ရသည်- "ယို့ ဆုံပြန်ပြီနော်"

ရှီယွင်နန်ကော သူ့ဘေးနားကလူတွေပါမော့ကြည့်လိုက်သည့်အခါ တစ်ဖက်ကလူနှင့် အကြည့်ဆုံသွားလေသည်။

ကုကျွယ် နှင့် ရှီးခယ့်ယွဲ့ကဘေးချင်းကပ်လျှောက်လာပြီး သူတို့နှင့်မျက်နှာချင်းဆိုင် ခုံအလွတ်တွင်ဝင်ထိုင်လာကြသည်။

"လာ ခယ့်ယွဲ့ ဒီမှာထိုင်။"

တစ်ဖက်မျက်နှာချင်းဆိုင်ရှိ ရင်းနှီးနေသည့် မျက်နှာများကို တွေ့လိုက်သည့်အခါ ရှီးခယ့်ယွဲ့ ထွက်ပြေးချင်စိတ်ပေါက်သွား၏။

ရှီယွင်နန်နဲ့ တွေ့တိုင်း ဘာကောင်းတာမှ ဖြစ်မလာဘူးလေ!

ရှီးခယ့်ယွဲ့ စဉ်းစားနေချိန်၊ ကုကျွယ်က သူ့ပုခုံးအားဖိကာ ထိုင်ချခိုင်းလိုက်သည်။

ရှီးခယ့်ယွဲ့ ဘာလုပ်ရမှန်း မသိတော့။ "....."

"ဘာလဲ? မတွေ့ဖြစ်တာ ခဏလေးပဲရှိသေးတာကို ငါ့ကို မမှတ်မိတော့ဘူးလား?" ကုကျွယ်၏ ရွှံနောက်နောက် မျက်လုံးများမှာ ရှီယွင်နန်နှင့် ယွမ်ရွေ့အား စိုက်ကြည့်နေ၏။ လော့လင်းရှန်း၏ အနည်းငယ် သတ်ဖြတ်ချင်စိတ် အကြည့်နဲ့ တွေ့မှသာ သူအကြည့် လွှဲလိုက်သည်။

ကုကျွယ်မှာ လော့လင်းရှန်းဆီကနေ ခက်ခက်ထန်ထန် အကြည့်ခံနေရတာကြောင့် ကသိကအောက်ဖြစ်နေတာကို ဖုံးကွယ်ရန် ရှီးခယ့်ယွဲ့ခါးကို ဖက်ထားလိုက်၏။

ဒီအပြုအမူက သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ မရိုးရှင်းကြောင်း ပြသဖို့ လုံလောက်နေလေပြီ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now