75

13.8K 2.1K 130
                                    

Unicode

ခန်းမက သုဿန်တစပြင်လို တိတ်ဆိတ်သွားတာကြောင့် ညည်းညူသံတွေမှာ ပိုရှင်းလင်းကျယ်လောင်လာ၏။

လော့လင်းရှန်း ဗွီဒီယိုထဲက မသတီစရာ မြင်ကွင်းများကိုတွေ့သည့်အခါ သူအကြည့်ထဲ ရွံရှာစက်ဆုတ်သည့်အရိပ်အယောင်ကို မဖုံးကွယ်ထားပေ။ အထူးသဖြင့် ဒီလိုပုံတွေကို သူချစ်သူအား မမြင်စေချင်ပါ။

"ယွင်နန်၊ မကြည့်နဲ့။"

ရှီယွင်နန် အကြည့်လွှဲလိုက်ပြီး ခေါင်းမော့ကာ လော့လင်းရှန်းအား ကြည့်လိုက်သည်။ "ဒီပွဲက ဒီလောက် စိတ်ဝင်စားဖို့ကောင်းမယ်လို့ မထင်ထားဘူး။"

လော့လင်းရှန်းကတော့ ဝိုင်ကိုသာ တစ်ငုံသောက်လိုက်ပြီး ဘာမှ ပြန်မပြောလိုက်ပါ။

စက္ကန့်အနည်းငယ်ကြာတိတ်ဆိတ်နေပြီးနောက်မှာတော့၊ ဗွီဒီယိုထဲကတစ်ယောက်က ကမ္ဘာကြီးကိုတုန်လှုပ်သွားစေမည့် "ဖာ့ခ်"ဆိုသည့်အသံကို ထုတ်ပြောလိုက်ပြီး ထိုအသံမှာ လူအုပ်ကြီးအား သတိပြန်ဝင်သွားစေသည်။

နောက်ဆုံးတော့ ညည်းညူသံများမှာ တဖြေးဖြေးနှေးကွေးသွားလေသည်။

ချမ်းသာသည့် အသိုင်းအဝိုင်းမှ သခင်လေးတစ်ဦးက အရင်စပြောလာသည်။ "အိုးမိုင်ဂေါ့ဒ် ဒါက လော့ယန်ချွမ်းလား? နောက်တစ်ယောက်က ဘယ်သူလဲ?"

"ကြည့်ရတာ ရှီအိမ်တော်က တတိယ သခင်လေးလားလို့?"

"ဟုတ်တယ် ! ရှီးခယ့်ယွဲ့ပဲ! သူတို့နှစ်ယောက် ဘယ်တုန်းက တွဲသွားတာလဲ?"

ထိုစကားသံတွေ ကြားသည့်အခါ နှစ်ဖက်မိဘများ မျက်နှာပျက်သွားကြ၏။

လော့သယ်ရှင်းတို့ ဇနီးမောင်နှံမှာ အရှက်ရသလို မယုံကြည်နိုင်ဖြစ်ကြပေမယ့်၊ သူတို့သမီးလေးရဲ့ စရိုက်ကို ကောင်းကောင်း သိထားတဲ့ မော့ပိုင်အန်းနှင့် ဖန်းယာမှာ ဗွီဒီယိုထဲရှိ ကာယကံရှင်အား လှည့်ကြည့်မိသွားကြသည်။

"လော့ယန်ချွမ်း မင်း..."

မေးခွန်းမဆုံးသေးခင် လော့ယန်ချွမ်းက စင်အောက်ရှိ ပလက်ပေါက်ခလုတ်ခုံနား အမြန်ပြေးသွားပြီး ကြိုးကိုဖြုတ်လိုက်သော်လည်း ဗွီဒီယိုက ဆက်ပြနေဆဲပင်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now