𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》

4.6K 705 7
                                    

My Cherry Will Explode in the Apocalypse

Chapter 68《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

【Unicode 】

စုရွေ့ကျယ်နှင့် ကျန့်ယွင်တို့နှစ်ဦးစလုံးသည် စစ်တပ်၏ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြသည်။ အဆုံးမှာတော့ အခြေစိုက်စခန်းရှိ ရှိပြီးသားပစ္စည်းများသည် အရေအတွက် အကန့်အသတ်နှင့်သာရှိသည်။  အသက်ရှင်ကျန်ရစ်သူလူဦးရေ တိုးလာသည်နှင့်အမျှ အခြေစိုက်စခန်းတွင် ဝန်ထုပ်ဝန်ပိုးများလည်း တိုးလာပေသည်။

ထိုနည်းအတိုင်း ဆက်သွားပါက အခြေစိုက်စခန်း၏ ဆန်စပါးသိုလှောင်မှုမှာ အနည်းဆုံး တစ်နှစ်ခွဲခန့်စာလောက်သာ ခံနိုင်သည်။ စိုက်ပျိုးထားသည့် မည်သည့်သီးနှံမျိုးမဆို  ပုံမှန်မဟုတ် မြင့်မားနေသည့် အပူချိန်ကြောင့် ရှင်သန်ရန် ခက်ခဲလေသည်။ သစ်သားစွမ်းအားရှင်များဖြင့် စိုက်ပျိုးထုတ်လုပ်ထားသော အသီးအနှံများသည် အခြေစိုက်စခန်းတစ်ခုလုံး၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ချေ။

ထို့ကြောင့်ပင် အသက်ရှင်ကျန်ရစ်သူများသည် အခြေစိုက်စခန်းမှထွက်ခွာပြီး ဖုတ်ကောင်များကိုသတ်ကာ ရိက္ခာပစ္စည်းများရှာဖွေရန်ကသာ အကောင်းဆုံးဖြစ်လေသည်။

သို့သော်လည်း အသက်ရှင်ကျန်ရစ်သူများကို အခြေစိုက်စခန်းမှ လိုလိုလားလား ထွက်သွားပြီး ထိုကြောက်ရွံ့ဖွယ်ကောင်းသော ဖုတ်ကောင်များနှင့် ရင်ဆိုင်ရန် မည်သို့စည်းရုံးသင့်ပါသနည်း?

အခြေစိုက်စခန်း၏ခေါင်းဆောင်များသည် မိုက်မဲသည့် အရူးများမဟုတ်ကြချေ။ သူတို့သည် အလျင်စလိုလုပ်ခြင်းဖြင့် မည်သည်ကိုမှမဦးတည်နိုင်ကြောင်းသိခဲ့ကြသည်ပင်။ သူတို့သည် အခြေစိုက်စခန်း၏ သုတေသနစင်တာမှ တီထွင်ထားသည့် ဖုတ်ကောင်များကို သေစေနိုင်လောက်သည်အထိဒဏ်ရာဖြစ်စေနိုင်သည့် နောက်ဆုံးပေါ်ကျည်ဆန်အကြောင်း ပထမဆုံး ကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့သည်။ ထို့နောက် သူတို့သည် အခြေစိုက်စခန်းမြို့စောင့်တပ်ကို စတင်တိုးချဲ့ခဲ့ကာ   သေနတ်ပစ်အတွေ့အကြုံ သို့မဟုတ် ကိုယ်ကာယခွန်အားကြံ့ခိုင်မှု မလိုအပ်ဘဲ စုဆောင်းခဲ့ကြလေသည်။ သူတို့သည် အခြေစိုက်စခန်းတွင် ကောင်းမွန်စွာ ပြုမူလုပ်ကိုင်သူများကိုသာမက အမျိုးသမီးများကိုပင် စုဆောင်းလိုခဲ့ကြသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now