𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》

4.6K 643 12
                                    

My Cherry Will Explode in the Apocalypse

Chapter 69《 မြေမဲ့စိုက်ပျိုးရေး 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

Unicode

ထိုညတွင် ကျန့်ယွင်နှင့် သူ့အဖွဲ့သည် သူတို့၏ကားဖြင့် စခန်းမှ မောင်းထွက်လာကြစဉ် ချွေ့ကျန်းချောင်အမည်ရှိသော စစ်သားငယ်တစ်ဦးမှ သူတို့အားတားလိုက်လေ၏။

"ခေါင်းဆောင် ကျန့်ယွင်! ခေါင်းဆောင်ကျန့်ယွင်! "

ချွေ့ကျန်းချောင်သည် အရှိန်စွမ်းရည် နိုးထလာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အခြေစိုက်စခန်း၏ခေါင်းဆောင်သည် သူ့အား ဘယ်အရာမဆိုလုပ်ခိုင်းစရာရှိပါက အလျင်အမြန် ပြေးသွားခိုင်းရသည်ကို သဘောကျလေသည်။ ယခုတွင် သူသည် သူတို့ထံသို့ အလျင်စလိုပြေးလာခဲ့ပြီး တပ်ခွဲမှူးကျန်းမှ တာဝန်ပေးခဲ့၍ဖြစ်သည်။

"ရှောင်ချွေ့? ဘာဖြစ်လို့လဲ? "

ကျန့်ယွင်သည် ကားရပ်၍ တံခါးမှန်ကိုချလိုက်ပြီး ခေါင်းထုတ်ကာမေးလာလေ၏။

"တပ်ခွဲမှူးကျန်းက ခင်ဗျားလာဖို့ တောင်းဆိုခိုင်းလိုက်လို့ပါ "

ချွေ့ကျန်းချောင်သည် သူ့ချွေးများကို သုတ်လိုက်လေ၏။ ကံကောင်းထောက်မစွာဖြင့် သူအမြန် ပြေးသွား၍ မဟုတ်လျှင် ခေါင်းဆောင်ကျန့်ယွင်သည် မြို့ထဲမှ ထွက်သွားပြီးလိမ့်မည်ဖြစ်သည်။

"ကောင်းပြီ"

ကျန့်ယွင်သည် ချက်ချင်းပင် ကားကိုလှည့်ကာ အခြေစိုက်စခန်းဌာနချုပ်ဆီသို့ ဦးတည်လိုက်သည်။

တပ်ခွဲမှူးကျန်းသည် ဌာနချုပ်၏ ဧည့်ခန်းတွင် စောင့်ဆိုင်းနေခဲ့သည်။ သူသည် ကျန့်ယွင်ရောက်လာသည်ကို မြင်သောအခါ ပြုံးလျက် ချက်ချင်း နှုတ်ဆက်လိုက်သည်။

"ခေါင်းဆောင်ကျန့်ယွင်၊ ခင်ဗျားလာပြီ"

"တပ်ခွဲမှူးကျန်းက တာ၀န်သစ်အတွက် ကျွန်တော်တို့အကူအညီလိုသေးလို့လား"

နှစ်ဖက်စလုံးသည် ရိုးရိုးရှင်းရှင်း နှုတ်ဆက်လိုက်ကြပြီး ကျန့်ယွင်သည် တိုက်ရိုက်ပင်မေးလိုက်သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now