𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》

3.5K 541 0
                                    

My Cherry Will Explode in the Apocalypse

Chapter 97《 မြောက်ပိုင်းသို့သွားရန်အသင့် 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

ကျန့်ယွင်နှင့်အဖွဲ့သည် မကြာမီမှာပင် အစည်းအဝေးခန်းသို့ ရောက်လာကြပြီး မျက်မှောင်ကြုတ်နေသော ကျန်းရွှီကျိုးနှင့် တပ်ခွဲမှူးကျန်းတို့ကို တွေ့ဆုံခဲ့သည်။

ကျန့်ယွင်နှင့်တခြားသူများ ရောက်လာသည်ကို မြင်သောအခါ သူတို့အား ချက်ချင်း ထိုင်ခိုင်းလိုက်ပြီး၏။ ထို့နောက် အရာအားလုံးကို အသေးစိတ် ပြောပြလိုက်ပြီး ကြေးနန်းစာများကို သူတို့ရှေ့၌တင်ထားပေးလိုက်လေသည်။

သူတို့သည် ကြေးနန်းစာများကို အနီးကပ်ကြည့်ရှုလိုက်ကြပြီး သူတို့၏အမူအရာများသည် အနည်းငယ်လေးနက်သွားကြလေသည်။ အခြေစိုက်စခန်းများအပေါ် ဤဆောင်းရာသီ၏ အဆိုးဘက်အကျိုးသက်ရောက်မှုသည် သူတို့တွေးထင်ထားသည်ထက် ပိုပြင်းထန်နေခဲ့လေသည်။

“ဗိုလ်ချုပ်ကျန်း ခင်ဗျားရဲ့အစီအစဉ်က ဘာပါလဲ?”

ကျန့်ယွင်သည် ကျန်းရွှီကျိုးကို ကြည့်လိုက်၏။ ဗိုလ်ချုပ်ကျန်းသည် သူတို့ကို တွေ့ဖို့လာခိုင်းခဲ့သည်ဆိုကတည်းက သူ့တွင် သူတို့ပါ၀င်သည့်အစီအစဥ်တစ်ခု ရှိသည်ဆိုသည်ကို သူသိလေ၏။

“ကောင်းပြီ၊ ဒီကြေးနန်းစာတွေရပြီးနောက် ငါတို့တွေ ဒီနေ့တနေကုန် အစည်းအဝေးလုပ်ခဲ့ကြတယ်။ ပြီးတော့ ငါတို့ပြန်ထိုင်နေရုံထိုင်နေပြီး ဒါကိုဆွေးနွေးပြီး လျစ်လျူရှုလို့ မရတော့ဘူး.... အဲ့ဒါကြောင့်.... မင်းတို့ကို ထပ်ပြီးဒုက္ခဖြစ်စေမှာကို ငါစိုးရိမ်မိတယ်...”

ကျန်းရွှီကျိုးသည် အလွန်ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့၏။ စုရွေ့ကျယ်နှင့်ကျန့်ယွင်တို့၏အဖွဲ့သည် ဆောင်းရာသီတွင် ဆိုးရွားသောအခြေအနေ၌ တောင်ပိုင်းအခြေစိုက်စခန်းအား ရှင်သန်ရပ်တည်နိုင်အောင် ကူညီပေးခဲ့သည်။ သို့သော်ငြားလည်း သူတို့သာ် နောက်ထပ်ပြဿနာများကိုဖြေရှင်းရန် သူတို့အပေါ် အားကိုးနေရဆဲဖြစ်လေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now