{75}

4.6K 792 11
                                    

Unicode

ချူချန်သည် အရင်ကသွားဖူးတဲ့ အသင်းဝင်ကဒ်လိုသောကုန်တိုက်ကိုပဲ ကျိချင်းကျိုးအား ခေါ်သွား၏။သိပ်လည်း မဝေးသောကြောင့်ဖြစ်သည်။နှစ်ယောက်သားဝယ်လိုက်ကြသည်မှာ အချိန်ကြာလို့ကြာမှန်းမသိ ငါးနာရီခွဲမှသာကုန်တိုက်မှ ပြန်ထွက်လာကြသည်။
ဒီနေ့ ကားပါကင်၌ ကားတွေအပြည့်ပင်။ချူချန်ရဲ့ကားက ခပ်ဝေးဝေးမှာ ပါကင်ထိုးထားဖြင်းဖြစ်၏။သူတို့မှာ အိပ်တွေသယ်ရင်း ကားဆီ လျှောက်ကြရတော့သည်။

“အဲ့လိုမှန်းစောစောသိရင် ကိုယ်ဒီကိုမလာခဲ့ဘူး”ချူချန်ကပြောလာခဲ့၏။“ရပ်လို့ရတဲ့နေရာတောင်ရှိမနေဘူး”

“ချစ်သူများနေလေဗျာ။ပြီးတော့ ကုန်တိုက်ကြီးနဲ့လည်း ဆက်နေတဲ့နေရာပဲဥစ္စာ”ကျိချင်းကျိုးက ဖျောင်းဖြလိုက်၏။

ချူချန်ကတော့ ‌စကားမပြောနိုင်ဖြစ်နေ၏။ပွဲတော်ရက်တွေက အရမ်း အလုပ်များလွန်းသည်ပင်။
သူ အတွေပွားနေတုန်း ကလေးမလေးတစ်ယောက်၏အသံက ကြားဖြတ်ဝင်လာသည်။

“ကိုကို ပန်းဝယ်ပါ‌ဦးလားရှင့်”

ချူချန်သည် ဘယ်နေရာကနေ သူ့ရှေ့ရောက်လာမှန်းမသိသည့် ကလေးမလေးအား ပြုံးပြရင်း ခေါင်းယမ်းပြလိုက်သည်။“မဝယ်တော့ပါဘူးကွာ”

သူကမဝယ်ဘူးဆိုတော့ ကလေးမလေးက ခြင်းလေးကိုင်ပြီး ကျိချင်းကျိုးဘက်လျှောက်သွားသည်။

“ကိုကို တစ်ပွင့်လောက်ဝယ်ပါလားဟင်။ချစ်သူများနေ့ဆိုတော့ ကိုကိုချစ်တဲ့ မမကို ပေးလို့ရတယ်လေ”

ချစ်ဖို့ကောင်းလွန်း‌ပြီး အသက်ငယ်ငယ်လေး ရှိသေးသည့် ကလေးမလေး၏ တစ်ဖြတ်ဖြတ်တောက်နေသည့် မျက်လုံးလေးများအား ကျိချင်းကျိုး ကြည့်ကာ-

“ပန်းက ဘယ်လိုရောင်းတာလဲဗျ”

ချူချန်တစ်ယောက် အံ့ဩသွား၏။

“ဟေ့ မင်းတကယ်ဝယ်မို့လား”

“ပွဲတော်လေဗျာ”ကျိချင်းကျိုးပြန်ဖြေလိုက်သည်။

သူဝယ်မည်လည်းဆိုရော ကလေးမလေးက ဈေးပြောပြကာ ခြင်းထဲမှ ပန်းတွေတစ်ပွင့်ပြီးတစ်ပွင့်ထုတ်ယူရင်းအော်ပြောတော့သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now