Ch 71 to 75

356 47 0
                                    


Chapter 71 - သိုင်းပြိုင်ပွဲနေ့

တကယ်တော့ ထုမျိုးနွယ်က လူတွေက ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိတဲ့အတွက် သူတို့တွေက ယန်ချီကို ချက်ချင်းပဲ တောင်းပန်လိုက်ပါတယ်။

ယန်ချီက ကျားနက်သိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် လင်တျန်းဇောင်ကို သတ်ပစ်နိုင်တာဆိုတော့ သူတို့ဆိုရင် ပြောဖို့ လိုမယ်မထင်ပါဘူး။

“ကျောက်ဒုံက  င့ါကို ပြောတယ် ” ယန်ချီက ထုမျိုးနွယ်က လူတွေကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “မင်းတို့တွေက သူ့ရဲ့ စားသောက်ဆိုင်ကို ဝယ်ချင်နေတာတဲ”

ထုမျိုးနွယ်က လူတွေက ယန်ချီဘာလို့ ဒီကို ရောက်နေလဲဆိုတာကို သိသွားခဲ့ပါတယ်။ သူတို့ရဲ့ မျက်နှာထက်မှာတော့ ကြောက်ရွံ့မှုတွေ ပြည့်နှက်သွားခဲ့ပါတယ်။

“ဆရာ ယန်ချီ က ကျောင်ဒုံရဲ့ နောက်ခံအနေနဲ့ဆိုရင် ဘယ်သူက သူ့ဆိုင်ကိုဝယ်ရဲမှာလဲ”

ထုမျိုးနွယ်က လူတွေက ယန်ချီရဲ့ အကြည့်ကို မရင်ဆိုင်ရဲသလိုနဲ့ သူ့တို့ခေါင်းတွေကို လျင်မြန်စွာ ငုံ့လိုက်ပါတယ်။

“ဟုတ်ပြီလေ ။ ဒါဆိုရင် မင်းတို့တွေ သူ့စားသောက်ဆိုင်ကို မဝယ်ဘူးပေါ့” ယန်ချီက ပြောလိုက်တယ်။

“ဟုတ်ပါတယ်”

ယန်ချီက ထုမျိုးနွယ်ဆီမှာ အကြာကြီး မနေချင်ပါဘူး။ သူက ပြန်လှည့်ထွက်လာခဲ့ပါတယ်။ ကျောင်ဒုံကလည်း ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို မြင်တော့လျင်မြန်စွာ လှည့်ပြီး သူ့နောက်ကနေ လိုက်လာခဲ့ပါတယ်။

ထုမျိုးနွယ်က လူတွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ခဲ့ပါဘူး။

သူတို့တွေက ကျောင်ဒုံရဲ့ နောက်ခံက ယန်ချီမှန်း သိခဲ့လျှင် သူတို့တွေမှာ ဘယ်လောက် သတ္တိရှိရှိ ကျောင်ဒုံရဲ့ နှင်းဆီစားသောက်ဆိုင်ကို ဝယ်ရဲမှာ မဟုတ်ပါဘူး။

“ယန်ချီ ကျေးဇူးတင်ပါတယ်”

သူတို့နှစ်ယောက် ထုမျိုးနွယ်ဆီကနေ ထွက်လာပြီးနောက် ကျောင်ဒုံက ယန်ချီကို ကျေးဇူးတင်စွာ ကြည့်လိုက်ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now