Ch 96 to 100

355 41 0
                                    


Chapter 96 - သာလွန်ကောင်းကင်အဆင့် သိုင်းနည်းစနစ်

ယန်ချီက သူ့ရဲ့ ဆေဘာဓါးကို ဆွဲထုတ်ဖို့ အသင့်ဖြစ်နေတဲ့ အချိန်မှာ လင်ဟိုင်အခြေစိုက်စခန်း ပါလီမန်ဆီကနေ တစ်စုံတစ်ယောက် ရောက်လာခဲ့ပါတယ်။

အဲ့ဒီသိုင်းပညာရှင်က ယန်ချီကို လေးလေးစားစားကြည့်နေခဲ့ပါတယ်။

“သိုင်းအရှင်သခင် ယန်ချီ သခင်ရှုမူက ဖိတ်ခိုင်းလိုက်လို့ပါ”

ယန်ချီက အဲ့ဒီသိုင်းပညာရှင်ရဲ့ စကားကို ကြားပြီးနောက် ခေါင်းညိတ်ပြလိုက်ပါတယ်။

အဲ့ဒီနောက်တော့ သူနဲ့ သိုင်းပညာရှင်တို့နှစ်ဦးက လင်ဟိုင်အခြေစိုက်စခန်းပါလီမန်ဆီရှိ့ရာကို ထွက်လာခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ ယန်ချီတို့ လင်ဟိုင်အခြေစိုက်စခန်း ပါလီမန်ကို ရောက်လာခဲ့ပါတယ်။

ခန်းမကြီးထဲမှာတော့ သခင်ရှုမူတစ်ယောက်ထဲသာ ရှိပါတယ်။

“ယန်ချီ မင်းရောက်လာပြီလား”

“ဟုတ်ကဲ့ပါ သခင်ရှုမှု”

ယန်ချီက ပြန်ဖြေလိုက်ပါတယ်။

ယန်ချီအနေနဲ့ သခင်ရှုမူကို အလွန်လေးစားပါတယ်။

သခင်ရှုမူက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေခဲ့ပြီးနောက် ယန်ချီဖက်လှည့်ကာ ပြောလိုက်ပါတယ်။

“ယန်ချီ မင်းက သိုင်းအရှင်သခင်အဆင့် ရောက်ပြီလား”

သခင်ရှုမူက ယန်ချီတစ်ယောက် အန်နန်မြို့တော်မှာ ဆယ်ပေခန့်မြင့်တဲ့ ဖန်ရွှေခန္ဓာကိုယ်ကို အသွင်ပြောင်းနိုင်ကြောင်း သိပါတယ်။ ပြီးတော့ အဲ့ဒီစွမ်းအားနဲ့ နတ်ဆိုးမိစ္ဆာတွေကို သတ်ခဲ့ကြောင်း သိခဲ့ပါတယ်။

“ကျွန်တော်က သိုင်းအရှင်သခင် အဆင့် မရောက်သေးပါဘူး”

ယန်ချီက အမှန်အတိုင်း ပြန်ဖြေလိုက်ပါတယ်။

“တကယ်လား”

“တကယ်ပါ”

သခင်ရှုမူအနေနဲ့ ယန်ချီကသူ့ကို လိမ်မှာ မဟုတ်ဘူးဆိုတဲ့အကြောင်း သိပါတယ်။ ဒါပေမယ့် သိုင်းအရှင်သခင်အဆင့်မဟုတ်သေးတဲ့ ယန်ချီက ဖန်ရွှေခန္ဓာကိုယ်ကို ဘယ်လိုဖြစ်ပြီး နားလည်ခဲ့တာလဲ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now