Ch 116 to 120

327 41 0
                                    


Chapter 116 - ကြယ်တစ်ပွင့် ထောင်ဒီ တံဆိပ်ပြား

ယန်ချီလည်း သခင်ရှုမူလက်ထဲက ကြယ်တစ်ပွင့် ထောင်ဒီတံဆိပ်ပြားကို ကြည့်ပြီး အံ့အားသင့်နေခဲ့ပါတယ်။

“သခင်ရှုမူက ငါ အဆင့်ချိုးဖြတ်နိုင်မှာကို သိနေတာလား”

သူက တွေးလိုက်ပေမယ့်လည်း သိုင်းအရှင်သခင် ရှုမူလက်ထဲက တံဆိပ်ပြားကို ယူလိုက်ပါတယ်။

“ကျေးဇူးတင်ပါတယ် သခင်ရှုမူ”

ကျေးဇူးတင်စကား ပြောပြီးနောက် ယန်ချီက ကြယ်တစ်ပွင့်ထောင်ဒီတံဆိပ်ပြားကို သူ့အိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။

“ယန်ချီ မန့်ရှန်တောင်ကုန်းနတ်ဆိုလှိုဏ်ဂူက တျန်းဘေးခံစစ်တံတိုင်းကို အချိန်မရွေး လာတိုက်ခိုက်တက်ကြတယ်”

ရှုမူက ယန်ချီကို ပြောလိုက်ပါတယ်။

ယန်ချီလည်း မန့်ရှန်တောင်ကုန်း နတ်ဆိုးလှိုဏ်ဂူရဲ့ အစွမ်းအထက်ဆုံး နတ်ဆိုးမိစ္ဆာဖြစ်တဲ့ ခေါင်းသုံးလုံး နတ်ဆိုးအရှင်ကို သိပါတယ်။

သိုင်းအရှင်သခင် ရှုမူနဲ့ စကားအနည်းငယ် ပြောဆိုပြီးနောက် ယန်ချီက ခန်းမကြီးထဲကနေ ထွက်လာခဲ့ပါတယ်။

ဒီအချိန်မှာတော့ သူက သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ်ဖြစ်တဲ့ ဓါးအကြိမ်သန်းပေါင်းများစွာ ဆွဲထုတ်ခြင်း တတိယအဆင့်ကို အောင်မြင်အောင်လေ့ကျင့်ဖို့ လိုပြီ ဆိုတာ သိလိုက်ပါတယ်။

သူ့အနေနဲ့ တတိယအဆင့်ကို အောင်မြင့်ချင်ရင် ဓါးအကြိမ်တစ်သိန်း ဆွဲထုတ်ဖို့သာ လိုအပ်ပါတော့တယ်။

လက်ရှိမှာတော့ ယန်ချီက ဒီအဆင့် အောင်မြင်ခဲ့ရင် ဘာဆုလဒ်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ သိပ်မကြာသေးခင်တုန်းက သူ့အနေနဲ့ ဓါးဆွဲထုတ်မှတ်တွေကိုသာ ရဖို့ မျှော်လင့်ခဲ့ပါတယ်။ အခုတော့ သူက စစ်ပွဲမှာ အကူအညီတစ်ခုခု ရစေမယ့် ပစ္စည်းကိုသာ လိုချင်ခဲ့ပါတယ်။

သူက နေရာတစ်ခုကို ရှာပြီး ဆေဘာဓါးကို ဆွဲထုတ်ဖို့ လုပ်လိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ သူက ခန်းမတစ်ခုအပြင်ဖက်ကို ရောက်လာခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now