Ch 126 to 130

307 35 5
                                    


Chapter 126 - ငါ ယန်ချီ ရောက်လာပြီလို့ မင်းတို့ လှိုဏ်ဂူသခင်ကို သွားပြောလိုက်

“မန့်ရှန်တောင်ကုန်းနတ်ဆိုးလှိုဏ်ဂူ” ယန်ချီက သူ့အရှေ့က နတ်ဆိုးမိစ္ဆာ ဒါဇင်ကျော်ကို ကြည့်လိုက်ပြီး ဆက်မေးလိုက်ပါတယ်။ “အဲ့ဒီမှာ နတ်ဆိုးအရှင် ရှိနေလား”

နတ်ဆိုးစစ်သည်တစ်ယောက်က အေးစက်စက် ရယ်မောလိုက်ပါတယ်။

“တကယ်ပေါ့။ အဲ့ဒါက ငါတို့ လှိုဏ်ဂူသခင်လေ”

နတ်ဆိုးမိစ္ဆာတွေလည်း အံ့အားသင့်နေခဲ့ကြပါတယ်။ လှိုဏ်ဂူသခင်က အဆင့်ချိုးဖြတ်သွားတာလား ကျရှုံးသွားတာလား မသိပါဘူး။

“လူသား ငါမင်းကို ပြောလိုက်မယ်။ အခု ငါတို့ မင်းကို သတ်မယ်။ မင်း အသင့်ဖြစ်ပြီလား”

မူလနတ်ဆိုးစစ်သည်က ယန်ချီကို နောက်တစ်ကြိမ် ပြောလိုက်ပါတယ်။

အဲ့ဒီလိုပြောပြီးနောက် မူလနတ်ဆိုးစစ်သည်က သူရဲ့ ထက်မြတဲ့ လက်သည်းတွေကို ဖြန့်လိုက်ပြီး ယန်ချီကို တိုက်ခိုက်ခိုက်ပါတယ်။

ယန်ချီကတော့ ထောင်ဒီရဲ့ စွမ်းအားကို ထုတ်လွှတ်လိုက်ပါတယ်။ မူလနတ်ဆိုးစစ်သည်ရဲ့ ခန္ဓာကိုယ်က ချက်ချင်း အမှုန့်အဖြစ်ပြောင်းသွားခဲ့ပြီး သူရဲ့ အလန့်တကြားအော်ဟစ်သံ ထွက်မလာခင်မှာပဲ သူ့အသက်သေဆုံးသွားခဲ့ပါတယ်။

ကျန်နေတဲ့ နတ်ဆိုးစစ်သည်တွေကို ဒီမြင်ကွင်းကို မြင်တော့ အာမေဋိတ်သံကိုယ်စီ ထွက်လာခဲ့ပါတယ်။

“ဘာ တုန်းဟ ”

“လူသား မင်း. . .. ”

နတ်ဆိုးစစ်သည်တွေအားလုံး ဘာစကားမှာ မပြောနိုင်ခင်မှာပဲ သူတို့ခန္ဓာကိုယ်တွေက အမှုန့်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ယန်ချီက မူလနတ်ဆိုးစစ်သည်တစ်ယောက်ကို ချန်ထားခဲ့ပါတယ်။

သူက ဒီမူလနတ်ဆိုးစစ်သည်က ဒီအကြောင်းကို ပြန်လည် အကြောင်းကြားစေဖို့ ဖြစ်ပါတယ်။

ကျန်နေတဲ့ မူလနတ်ဆိုးစစ်သည်က ကြောက်လန့်နေတာကြောင့် တကိုယ်လုံ းမရပ်မနား တုန်လှုပ်နေခဲ့ပါတယ်။ သူက ယန်ချီ ဘယ်လိုတိုက်ခိုက်မှန်းတောင် မမြင်ခဲ့ပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now