Ch 141 to 145

301 37 0
                                    


Chapter 141 -  ယန်ချီ မင်းရဲ့ ဖန်ရွှေခန္ဓာကိုယ်က ဘယ် အဆင့်လဲ. . . .

ယန်ချီက သူ့အရှေ့က လူကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။

နဂါးတိုင်းပြည်ရဲ့ ဂုဏ်သရေရှိ အင်ပါယာက ဒီကို လာလိမ့်မယ်လို့ သူ မမျှော်လင့်မိပါဘူး။

သူ ပိုပြီး မမျှော်လင့်ထားတာကတော့ အင်ပါယာရဲ့ အသားအရေက နုဖက်နေတာကိုပါ။

“ယန်ချီ စကားပြောဖို့ နေရာတစ်ခုဆီ သွားရအောင်”

အင်ပါယာ ဟီယီက ယန်ချီကို ပြုံးပြီး ပြောလိုက်တယ်။

ယန်ချီလည်း ခေါင်းညိတ်လက်ခံလိုက်တယ်။

သူက အင်ပါယာဟီယီကို လင်ဟိုင်အခြေစိုက်စခန်း ပါလီမန်ဆီကို ခေါ်လာခဲ့တယ်။

သိပ်မကြာခင်မှာပဲ ယန်ချီနဲ့ အင်ပါယာဟီယီတို့က လင်ဟိုင်အခြေစိုက်စခန်း ပါလီမန်ဆီကို ရောက်လာခဲ့တယ်။

ခန်းမထဲ ရောက်တဲ့အခါ သိုင်းအရှင်သခင် ရှုမူက ခန်းမထဲမှာ ရှိနေတာကို တွေ့လိုက်ရတယ်။

ရှုမူက ယန်ချီဘေးက လူကို ကြည့်လိုက်ပြီးနောက သူ့မျက်နှာက ချက်ချင်း ပြောင်းသွားခဲ့ရတယ်။

“အင်ပါယာ. .  အင်ပါယာ”

သိုင်းအရှင်သခင်ရှုမူက သူ့အကြည့်များ မှားနေသလားဆိုပြီး မျက်လုံးကို ပွတ်သပ်ကြည့်လိုက်ပေမယ့် သူ့မျက်လုံးကို ဘယ်လောက်ပွတ်ပွတ် အင်ပါယာကတော့ သူ့အရှေ့မှာ ရှိနေခဲ့တယ်။

“ရှုမူ ငါတို့တွေ မတွေ့တာ ရက်အနည်းငယ်လောက် ကြာပြီးပဲ”

အင်ပါယာ ဟီယီက သိုင်းအရှင်သခင် ရှုမူကို ပြောလိုက်တယ်။

“ဟုတ်ပါတယ် အင်ပါယာ”

သိုင်းအရှင်သခင်ရှုမူက ပြန်ပြောလိုက်တယ်။

အဲ့ဒီလို ပြောပြီးနောက် သိုင်းအရှင်သခင်ရှုမူက အင်ပါယာကို ထိုင်ခုံမှာ ထိုင်ဖို့ အလျင်အမြန် ဖိတ်ကြားလိုက်တယ်။

အင်ပါယာဟီယီထိုင်ပြီးနောက် သူက ယန်ချီကို ပြောလိုက်တယ်။

“ယန်ချီ ရှုမူက မင်းအနေနဲ့ ဓါးဆွဲထုတ်ပြီး မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားကို တိုးလာစေနိုင်တယ်လို့ ပြောခဲ့တယ်။ ပြီးတော့ မင်းက ဓါးကို လျင်မြန်စွာ ဆွဲထုတ်နိုင်တယ်လို့လည်း ကြားခဲ့တယ်”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now