Chapter 29 - Unicode

5.6K 457 11
                                    

ဒီရက်ပိုင်း သျှင်မင်းသန့် စာမေးပွဲတွေနှင့် အလုပ်ရှုပ်နေခဲ့သည်။ မြင့်မြတ်ပိုင်နောင်ကတော့ သူ့ဘေးနားတွင်ရှိပေးရှာသည်။ ညညဆိုလျှင် သျှင်မင်းသန့်ကစာလုပ် မြင့်မြတ်ပိုင်နောင်က မအိပ်ဘဲစောင့်ပေးနှင့် နှစ်ယောက်လုံးအိပ်ရေးပျက်ရသည်မို့ အရင်အိပ်နှင့်ပါဆိုလျှင်လည်း ကိုယ်မအိပ်ချင်သေးလို့ပါဆိုသည့်စကားနှင့်သာအဆုံးသတ်သည်။

"ဦးလေးကြီး ဒီနေ့ စာမေးပွဲပြီးမှာနော်"

"ပျော်လား"

မြင့်မြတ်ပိုင်နောင်၏အမေးကို သျှင်မင်းသန့် ခေါင်းတဆတ်ဆတ်သာညိတ်ပြလိုက်သည်။ စာမေးပွဲဖြေနိုင်တာ၊ မဖြေနိုင်တာအပထား ပြီးသွားသည်ကပင် ပျော်စရာဖြစ်သည်။

"အပြန်လာကြိုမှာလား ဦးလေးကြီး"

"အင်း ကိုယ်လာမကြိုနိုင်လောက်ဘူး သွားစရာရှိသေးလို့"

မြင့်မြတ်ပိုင်နောင်စကားကြောင့် သျှင်မင်းသန့်က ခေါင်းကိုသာညိတ်သည်။

"ကျွန်တော်လည်း ဟေမာန်ဦးတို့နဲ့မုန့်သွားစားမလို့"

"အင်း"

"မြောင်"

သျှင်မင်းသန့်က ဟန်နီ့အား အစာကျွေးနေသည့် မြင့်မြတ်ပိုင်နောင်အနားကိုကပ်လာကာ ရပ်ကြည့်နေ၏။ မြင့်မြတ်ပိုင်နောင်က သူကပ်လာတာကိုသိတော့ မော့ကြည့်ကာ ထိုင်နေရာမှမတ်တပ်ရပ်လာသည်။

"ကိုယ့်ကိုဘာပြောမလို့လဲ"

သျှင်မင်းသန့် ဘာမှမပြောဘဲ မြင့်မြတ်ပိုင်နောင်ကို ဖက်လိုက်သည်။ တင်းကြပ်နေအောင်ဖက်ထားခြင်းနှင့်အတူ မြင့်မြတ်ပိုင်နောင်၏ ကိုယ်သင်းနံ့နွေးနွေးကိုလည်းရလိုက်၏။ မြင့်မြတ်ပိုင်နောင်ကို အခုလိုဖက်ထားရလျှင် သျှင်မင်းသန့်အနေနှင့် အမှန်တကယ်နွေးထွေးသွားရတာဖြစ်သည်။

မြင့်မြတ်ပိုင်နောင်၏ ကိုယ်သင်းနံ့ကိုရလိုက်သည်နှင့် လုံခြုံသွားသည့်ခံစားချက်သည် ဘာနှင့်မှမလဲနိုင်သည့် ခံစားချက်ပင်။ 

"ဦးလေးကြီး"

"အင်း"

မြင့်မြတ်ပိုင်နောင်၏လက်တစ်ဖက်က သူ့ကျောပြင်ကိုပြန်ဖက်လာပြီး တစ်ဖက်က ခေါင်းကိုခပ်ဖွဖွကလေးကိုင်လာသည်။

HONEYWhere stories live. Discover now