76.2

12.2K 2K 20
                                    

Unicode

တစ်ပတ်အကြာတွင်—

ဒီနေ့တော့ မကြုံစဖူး ရှီယွင်နန်ရုံးတက်လေသည်။  ဝန်ထမ်းတစ်ယောက်က တံခါးလာခေါက်ကာ သူ့အား အကြောင်းကြားလာသည်။ "ဒီဇိုင်းနာရှီ၊ ဘော့စ်က အစည်းဝေးခန်းထဲကို လာခဲ့ပေးပါတဲ့၊ မစ္စတာကျန်းလည်းရောက်နေပြီ။"

ရှီယွင်နန် ဒါကိုကြားတော့ ပရင့်ထုတ်ထားသည့် စာရွက်များကိုကိုင်ကာ ထလိုက်သည်။ "ကျေးဇူးပါ၊ကျွန်တော် အခုပဲသွားလိုက်မယ်။"

အစည်းအဝေးခန်းထဲတွင်—

ယွမ်ရွေ့က အသက်လေးဆယ်ကျော်လူတစ်ယောက်နှင့် စကားပြောနေ၏။ သူမျက်လုံးထောင့်လေးကနေ သူ့သူငယ်ချင်းကိုတွေ့သွားတော့ သူက မိတ်ဆက်ပေးလာသည်။ "ယွင်နန်၊ ဒါငါပြောဖူးတဲ့ ကျန်းကောလေ။"

ကျန်းကော၏ နာမည်အပြည့်အစုံမှာ ကျန်းယန်ဖြစ်၏။ သူကလွန်ခဲ့တဲ့ ၂နှစ်အတွင်း သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် ရေလုပ်ငန်းလုပ်ကိုင်ကာ ချမ်းသာလာခဲ့သည်။

ရှီယွင်နန်က သူတို့နားသို့ လျှောက်သွားလိုက်သည်။

"နိဟောင် ဥက္ကဌကျန်း"

"ဒါက..."

ဒီလို အခေါ်အဝေါ်ကိုကြားတော့ ကျန်းယန်အနည်းငယ် မနေတတ်ဖြစ်သွား၏။

ယွမ်ရွေ့က ပြုံးလိုက်ကာ

"ကျန်းကော ဒါက ကျွန်တော်တို့ စတူဒီယိုရဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်သလို၊ ဒီ ဒီဇိုင်းပြောင်းတာမှာလည်း တာဝန်ယူထားတဲ့ ဒီဇိုင်းနာလေ။"

ကျန်းယန် မျက်နှာအမူယာမှာ အေးဆေးဖြစ်နေပြီး သူက ခေါင်းညိတ်ပြလာသည်။ "ဒီဇိုင်းနာရှီ၊ ကျွန်တော့ကို ကျန်းကောလို့ ခေါ်လို့ရပါတယ်။ ရေလုပ်ငန်းလုပ်ပြီး ချမ်းသာလာတဲ့ ကျွန်တော်လို စီးပွါးရေးသမားကို ဘယ်လိုလုပ် ဥက္ကဌလို့ ခေါ်လို့ ရနိုင်မှာလဲ?"

"ကျန်းကောရဲ့ စိတ်နေစိတ်ထားက ကုမ္ပဏီဒါရိုက်တွေထက်တောင် ပိုကောင်းပါတယ်ဗျာ။" ရှီယွင်နန်က စိတ်ရင်းနဲ့ ချီးကျူးစကား ဆိုလိုက်သည်။ "မနေ့က ကျွန်တော်ပို့ထားတဲ့ ဒီဇိုင်းပေါ်မှာကော ကျေနပ်ရဲ့လား?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now