part.24(U+Z)

2.9K 157 2
                                        

Unicode

    ခရီးစဉ်က အကုန်လုံးပေါ့ပေါ့ပါးပါးဆိုပေမဲ့
အားလုံး တစ်စုတစ်စည်းတည်း ဖြစ်ကြတာမျိုးမဟုတ် ။
သွားချင်သည့် နေရာများရှိရင် ဆရာတွေဆီခွင့်တောင်းကာ
နှစ်ယောက်သို့မဟုတ်သုံးယောက် သွားရသည် ။ လူကများတာမို့ သုံးဖွဲ့ခွဲကာ အထင်ကရနေရာတွေအား အလှည့်ကြ ခွဲလည်ရတာမျိုး ။
သည်နေ့ကတော့ စွဲတို့အလှည့်ကြသည် ။

စွဲက ကားမှန်သို့ တဖြတ်ကြည့်ကာငေးသည် ။
ဒီနေ့က Wat_Tham_Sua(၀က်သမ်းဆူး)
လို့ခေါ်တဲ့ ကျားခိုကျောင်းကို သူတို့အဖွဲ့သွားနေတာဖြစ်သည် ။
လမ်းတစ်လျှောက်မြင်နေရသည့် ဘေးတစ်ဖက်တစ်ချက်က
စိမ်းစိုစို သစ်ပင်အုံ့အုံ့ကြီးတွေသည် စွဲရဲ့အမြင်အရ
သူတို့နောက်ကို လိုက်နေသယောင် တရိပ်ရိပ်နှင့် ။

စွဲက ကားမှန်လေးကို အသာဖွင့်သည် ။
၀င်လာသည့် လေပြည်နု
စိမ်းသက်သက်က ခဏတာ အမူးဓာတ်ကို
ပြေစေသည်ကအမှန် ။ ဒီလိုအလုံပိတ်ကားတွေ
စီးရတာက ဒီတစ်ခုတော့ စွဲမကြိုက် ။ လူအများနဲ့ဆိုတော့
ပို၍ဆိုးသည် ။ တစ်ယောက်နဲ့တစ်ယောက် သုံးစွဲကြသည့်
ရနံ့တွေက တူသည်မှမဟုတ် ။ ခေတ်လူငယ်တွေ
လည်းဖြစ်ကြတာမို့ တချို့ရနံ့ပြင်းပြင်းတွေကြ စွဲတကယ်
အနံ့ မခံနိုင် ။ အနံ့မခံနိုင်ဘူးဆိုတာထက် ထိုအနံ့တွေရတိုင်း
မူး,မူးလာတာမို့ ဒီလိုအနံ့ပေါင်းဆုံစုစည်းနေတဲ့ ထိုလို
ကားမျိုးတွေအား သူသဘောမကျ ။

" ပီကေဝါး..."

" ဟင်..."

" ကားမူးပြေတယ် ဒီပီကေက "

     မပြောမဆိုလက်ထဲသို့ ရောက်ရှိလာသည့်
အနီရောင် ပီကေလေးတစ်ခု ။ စွဲ မထိရဲ ။
မကိုင်ပဲ မယူပဲနေနေပြန်ရင်လည်း ထိုအကုသိုလ်
ကောင်က သူ့အားဆက်ဒုက္ခပေးနေအုံးမည်မလား ။
ထို့ကြောင့် စွဲက ပီကေလေးအား ယူလိုက်ကာ ဖွင့်ဖောက်လိုက်ရင်း ပါးစပ်ထဲသို့ ထည့််ကာ ဝါးကာနေလိုက်သည် ။ ချိုနေတာမျိုးမဟုတ်ပဲ အချဉ်ဓာတ်ကလေးအနည်းငယ် ပါနေတာမို့
ဝါးရတာ စိတ်ကို အနည်းငယ်လန်းဆန်းစေသည်။
ဘေးကလူကို ကြည့်တော့ လက်ကိုပိုက်ရင်း ကားခုံမှီကာ မျက်လုံးအား မှေးစင်းထားသည် ။ စိတ်ဆိုးနေတုန်းပဲ
ထင်သည် ။ ခုရက်တွေ ဆက်ခွန်က သူ့အနားသိပ်မကပ်
သလို စကားကိုလည်း လိုအပ်တာထက်ပိုမပြော ။
ပြောရင်လည်း ' အင်း ၊ အဲ ၊ မလုပ်နဲ့ ၊ ဟုတ်တယ် '
ဆိုတာက မတက် ။ ခုလိုမျိုးကြတော့လည်း
စွဲ စိတ်ထဲသိပ်မကောင်း ။ လျစ်လျူရှုတာမဟုတ်ပေမယ့်
လျစ်လျူရှုခံရသလိုဖြစ်နေတဲ့ ခံစားချက်က သူ့အား
၀မ်းနည်းစေသည် ။ သူ့အား အထီးကျန်စေသည် ။
အရင်ကဘာနေနေ တစ်ယောက်နဲ့တစ်ယောက်
ကမောက်ကဆ ဖြစ်ရင်တောင် အေးအေးလူလူပင် ။
ခုတော့.....!

🖤SWEL'🖤( စွဲ~စြဲ )  ~completed~Место, где живут истории. Откройте их для себя