77.1

12.1K 1.9K 29
                                    

Unicode

"ဘာကို တရားစွဲတာလဲ? ဘယ်အရူးက ငါတို့ကို ထပ်လာစွဲရတာလဲ?"

ကုကျွယ် မျက်မှောင်ကြုတ်ကာ ကျိန်ဆဲလိုက်သည်။

ဇယ့်ကွမ်ထံ ပေးပို့သည့် ဒိဇိုင်းတော်တော်များများကို အတုနှင့် အစစ်ရောထားလေသည်။ အတုအစစ်ရောထားတာကို သိသွားတဲ့ ဝယ်သူက တိုင်ကြားခဲ့တာကိုလည်း သူကြားသိခဲ့ရသည်။

သို့သော် တစ်ဖက်လူအား ဇယ့်ကွမ်နှင့် လင်းယွီ တာဝန်ခံများမှ နောက်ဆုတ်ရန် အလွယ်တကူပဲ ဖြောင်းဖျနိုင်ခဲ့သည်။

လင်းယွီ နှင့် ဇယ့်ကွမ် ပူးပေါင်းသည့် စာချုပ်မှာ သိပ်မကြာခင်ကပဲ သက်တမ်းကုန်သွားပြီဖြစ်၏။

ဒီကိစ္စကို ဘယ်လိုလူတွေက ထပ်လာမွှေနေရတာလဲ?

"အဲ့လူက ဘယ်သူလဲ? အဲ့လူပါးစပ်ပေါက်ကို ပိတ်ဖို့ လုပ်နေကြအတိုင်းလုပ်ပေါ့! ဒီကိစ္စကို မထိန်းနိုင်ရင် ငါတို့ဂိုဒေါင်ထဲသာ သွားပြီး ပစ္စည်းအစစ်တွေ ထပ်ထည့်လိုက်။"

ကုကျွယ်က ဖြေရှင်းနည်းကို ပြောပြနေရင်း ဥပဒေရေးရာဌာနမှ ဝန်ထမ်းတွေကို စိတ်မရှည်စွာ ထပ်ပြောလာသည်။ "ဒီကိစ္စလေးကိုတောင် မဖြေရှင်းတတ်ဘူးလား? တရားရုံးက ဆင့်ခေါ်စာရတာနဲ့ ငါ့ဆီ အလန့်တကြားရောက်လာရလား? ကုမ္ပဏီက မင်းကို ဘာအတွက်လစာပေးထားရတာလဲ?"

ကုကျွယ်က အတွင်းရေးမှုးစူးစူး၏ ကိုယ်ပေါ်ရှိ မွှေးရနံ့လေးကို ရှူရှိုက်ရင်း သူမအား ပိုတင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။ "ဆွဲဆောင်မှုရှိပြီး အလုပ်လည်းတော်တဲ့ အတွင်းရေးမှူးအသစ်လေး စူးစူးလောက်တောင် မင်းတို့က မတော်ကြပါလား။"

အော်ပရေးရှင်းဌာန ခေါင်းဆောင်နှင့် ဥပဒေရေးရာဌာနမှ ဝန်ထမ်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း အထင်သေးလိုက်ကြ၏—ဒီလို သူဌေးမျိုးရှိနေမှတော့ သူတို့ကုမ္ပဏီလုံးဝ ပျက်စီးရပြီပေါ့!

ဝန်ထမ်းမှာ မျက်နှာသေနဲ့ပဲ ဆင့်ခေါ်စာနဲ့အတူ သူ့ဆီသို့ သွားလိုက်သည်။ "မစ္စတာကု ဝယ်သူတစ်ယောက်တည်းက တရားစွဲတာ မဟုတ်ပါဘူး။ ဝယ်သူဆယ့်လေးယောက်ပေါင်းပြီး ကျွန်တော်တို့ဒီဇိုင်းတွေကို လိမ်လည်မှုနဲ့ တရားစွဲထားတာပါ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now