ဇာတ်သိမ်း

11.4K 520 29
                                    


မြေးငယ် ၅နှစ်ပြည့် မွေးနေ့မဂ်လာကို ဘိုးဘွားစဉ်ဆက်ကိုးကွယ်ခဲ့သော ဘုန်းကြီးဦးစီးသည့် ဓမ္မဝိဟာရစာသင်တိုက်ကြီးမှ သံဃာတော်အပါး ၁၀၀၀ကျော် ကို အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းပြီး ရေစက်ဦးချကာ မိသားစုလိုက် ဒါနကုသိုလ်ယူခဲ့ကြသည်။

ယောပုဆိုးအပြာရင့်ရောင်လေးကို စတစ်လက်ရှည်ဖြူဖြူလေး ဆင်တူဝတ်ဆင်ထားသော ကောင်းပြည့်ပိုင်ဆိုင်ထားသည့်မိသားစုက နာကျင်စရာအချိန်တွေ ကုန်ဆုံးခဲ့ပြီ။ လွဲမှားခဲ့သော ချစ်ခြင်းမေတ္တာ ၊ အတ္တမာန တွေကြောင့် နာကျင်ခံစားမူတွေ မတူညီကြပေမယ့် သက်ဆိုင်သူတိုင်း၏ နှလုံးသားသည်ကား နာကျင်ခဲ့ကြဖူးပြီမဟုတ်ပါလား။ မိဘမေတ္တာနှင့် သားသမီးကြားက ဆက်နွယ်သော ကြီးမားတဲ့ မေတ္တာဓါတ်ကအနိုင်ရသလို တစ်ချိန်က နာကျင်ချိန်တွေကိုပါကုစားခဲ့နိုင်ခဲ့ပြီလေ။

ယခုလို ကောင်းစစ်ဟန်သာ၏ ထူးမြတ်တဲ့ မွေးနေ့အခါသမယမှာ ပျော်ရွှင်မူအတိ၊ ဆွေမျိုးမိသဂ်ဟတွေ အလယ် ထည်ဝါဝင့်ကြွားစွာ ဟန်သာအုပ်စု၏ တစ်ဦးတည်းသော ဆက်ခံသူအဖြစ် ပရိသတ်အလယ် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ထင်လင်းလွန်းလှသည်။

ယောနယ်ဘက်မှ မြေးငယ်မွေးနေ့မို့ အလည်ပြန်လာသော အစ်ကိုကျော်သက်က မနေ့ကပြရောက်လာခဲ့ပြီ။ မြေးငယ်မွေးနေ့မဂ်လာကို သားကြီး Jackတို့စုံတွဲ ကလွဲကျန်သော Jackson သူငယ်ချင်းတွေ၊ ဟန်သာအိမ်တော်၏ အိမ်ထိန်းကြီးများ၊ ဟန်သာ၏ ရှေ့နေ၊ တိုင်ပင်ခံတွေအပါအဝင် ဟန်သာ၏ လုပ်ငန်းဌာနခွဲမှတာဝန်ခေါင်းဆောင်များ အပါအဝင်မနည်းသော လူဦးရေ များဖြင့် ဓမ္မဝိဟာရစာသင်တိုက်ကို အရုဏ်ဆွမ်း တာဝန်ယူဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

များပြားသော စာသင်သား သံဃာတွေအတွက် တစ်ပါးလျှင် ငွေ တစ်သိန်း မှစတင်၍ သံဃာတော်စာသင်တန်း ကြီး၊ ငယ်အလိုက် တစ်ပါးချင်းဆီ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီး အတွက် အလှူတော်ငွေ ကျပ် (သိန်း ၅၀၀) မတည်ကာ အဘက်ဘက်မှလိုရာသုံး လှူဒါန်းကုသိုလ်ယူခဲ့ပြီ။

မြေးငယ် အဖွား ရှိစဉ်ကတည်းက လှူဒါန်းကုသိုလ်ယူခဲ့သောဓမ္မဝိဟာရ ဆွမ်းစားကျောင်းဆောင်သစ်ကြီးမှ ရာသက်ပန် ကုသိုလ်ရှင်များအဖြစ် ယနေ့ထက်ထိ လှူဒါန်းခဲ့သည်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now