{79}

4.3K 785 29
                                    

Unicode

ယန်ဖန်း သည်အခြေအနေကို မမျှော်မှန်းထား၍ ခဏတန့်သွားပြီးမှ မေးမြန်းလိုက်တယ်။

{ကျိချင်းကျိုးဆိုတာ? }

ကျိချင်းကျိုးက အခုမှ နာမည်ရခါစဖြစ်၍ သူမသိတာသဘာဝကျသည် ။ သူ့ကျော်ကြားမှုက အင်တာနက်တစ်ခွင်ပြန့်နှံ့နေသော်ငြား အပြင်ဘက်က လူတွေတော့ သိပ်မသိကြသေး။ယန်ဖန်းက အမြဲ အလုပ်ကြိုးစားပြီး Weiboသုံးလေ့သုံးထမရှိတဲ့ အလုပ်ကြိုးစားသည့် ထုတ်လုပ်သူဖြစ်သည်။လူသစ်တွေသိဖို့ ‌မပြောနဲ့ နှစ်သစ်ကူးကိုတောင် သိပ်မမှတ်မိချင်ချင်ပင်။

ချူချန်က သူ့ရဲ့ WeChatက‌နေ ကျိချင်းကျိုး ဓာတ်ပုံ အချို့ ပို့ပေးလိုက်၏။

{မင်း စိတ်မချဘူးဆို အရင်ဆုံး သူ့ကို လူရွေးပွဲဖြေကြည့်လို့ရတယ်။သူ အရင်က ဇာတ်ကားတစ်ကားမှာ လျန်ကျင်းရှင်နဲ့ တွဲသရုပ်ဆောင်ဖူးပြီး သရုပ်ဆောင်စကေးက လုံးဝပြဿနာမရှိဘူး}

ယန်ဖန်းက နားထောင်ရင်း ခေါင်းတညိမ့်ညိမ့်လုပ်ကာ ကျိချင်းကျိုးပုံတွေကို ကြည့်ရင်း ရင်းနှီးသလို ခံစားမိလာသည်။

{ကျွန်တော် စဉ်းစားကြည့်ပါဦးမယ်} ယန်ဖန်းပြောလိုက်၏။

{အိုကေလေ။ဘာဖြစ်ဖြစ် အရင်းအနှီးကိစ္စတော့ မင်းပူစရာမလိုပါဘူး။ဒီဇာတ်ကားရိုက်တာနဲ့ ငါအရင်းအနှီးထည့်မှာ။ဒါပေမယ့် ငါ့တောင်းဆိုချက်တွေကတော့ ဒါဆိုဒါပဲ မပြင်နိုင်ဘူး။ပိုက်ဆံရှာဖို့ ဇာတ်ကားရိုက်တာမဟုတ်ပေမယ့် ကောင်းကောင်းရိုက်ပေးမှရမယ်}

{အဲ့တာတော့ မပူပါနဲ့။ ကျွန်တော်ဒီIPဝယ်ချင်တယ်ဆိုတာက ဒီဝတ္ထုကို ဇာတ်ကား ကောင်းကောင်းတစ်ကား ဖြစ်အောင် ဖန်တီးချင်လို့ပါ။ဒါပေမယ့် ခင်ဗျားက အရင်းအနှီးထည့်မယ်ဆိုတော့...ဥက္ကဌချူ...}

{မရဘူးလား}

{အဲ့လိုမဟုတ်ပါဘူး။ကျွန်တော်က ဒီဇာတ်ကားကို ရိုက်ပေးရုံပဲဆိုပေမယ့် ခင်ဗျားက သူ့ကို ခေါင်းဆောင်မင်းသားနေရာလည်းထားမယ်၊အရင်းအနှီးလည်း ထည့်မယ်ဆိုတော့ ချင်းကျိုးနဲ့ခင်ဗျားတို့ ဆက်ဆံရေးကိုသိချင်ရုံပါ}

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now