part.25(U+Z)

3.1K 148 17
                                        

Unicode

" ခု သူတို့ Wat_Bann_Thamကို
သွားနေကြပြီ...ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ၊
Boss ပြောတဲ့လူကို တစ်ခါတည်းရှင်းပစ်ရမှာလား "

" ရှင်းပစ်စရာမလိုဘူး...မှတ်လောက်အောင်
သင်ခန်းစာပေးခဲ့ရုံပဲ ၊ ငါပြောတာ သဘောပေါက်တယ်
မလား ။ သွေးထွက်သံရို ဖြစ်ရုံလောက်ပေါ့ "

     ထိုက်စံရဲ့ စကားကိုတစ်ဖက်ကလူက နားလည်
စွာဖြင့် ခေါင်းကိုခပ်ယေးယေးညိတ်ပြ၏ ။

" မင်းတို့သိထားရမှာက တစ်ခုပဲ ၊ ဘယ်သူလာ
ရှုပ်ရှုပ် ဘယ်သူ့ကိုမှညှာတာထောက်ထားစရာ
မလိုဘူး...တစ်ခုပဲ ဒီဓာတ်ပုံထဲက
လူနှစ်ယောက်ကို မင်းတို့ထိစရာမလိုဘူး..."

     ခိုင်းစေဖို့ ငှားရမ်းထားသည့် လူ၅ယောက်
လောက်က ထိုက်စံပြသည့်ဓာတ်ပုံထဲကလူ
နှစ်ယောက်အားကြည့်ရင်း ခေါင်တညိတ်ညိတ် ။
ပြီးနောက် ဓာတ်ပုံအား ဘောင်းဘီအိတ်ကပ်ထဲ
ထိုးထည့်ကာ ထိုက်စံကို နှုတ်ဆက်စကားဆိုပြီး
ထွက်လာလိုက်သည် ။ ထိုက်စံက ခုံပေါ်တွင်
ခြေချိတ်ထိုင်ကာ ခပ်မဲ့မဲ့ပြုံးလိုက်၏ ။

" မင်းရဲ့စည်းမရှိတဲ့စကားတွေအတွက် မင်းက
တဖြည်းဖြည်းနဲ့ ပြန်ပေးဆပ်ကို ပေးဆပ်ရမှာ
ခွန်းခန့်နောင် ၊ မင်းနဲ့ငါနဲ့က ပွဲမပြီးသေးဘူး ။
အဟက်...ခုမှစမှာ "

      ခရမ်းရောင်တောက်နေသည့် မျက်ဝန်းတွေက
မကျေနပ်ဘူးဟူသည့် အရိပ်အယောင်တွေက
တဖွားဖွား ။ အငြိုးမရှိပေမယ့် ထိုကိစ္စနဲ့ ပတ်သက်တိုင်း
ရင်နှင့်အမျှသေလောက်အောင် နာကျင်ခဲ့ရတာ
ကိုယ်အသိဆုံး ။ ဖြစ်သမျှအကြောင်း ကိုယ့်ခေါင်းပေါ်
ပစ်တင်လိုက်သည့် နေ့ကတည်းက အဲတာက
ကိုယ့်အတွက်အိပ်မက်ဆိုးတစ်ခုလို...အမြဲခြောက်လန့်
နေတာ ။ မေ့ပစ်ထားတာလည်း ကြာခဲ့ပြီ ။
အတိတ်တွေ ပြန်မတူးဆွချင်လို့ ကိုယ့်ဘ၀ကို
ကိုယ်တိုင်ကောင်းမွန်စွာ နေထိုင်ခဲ့ပြီးပြီ ။

ဒါကို...ဒါကို...တီ...တီ...

    အလုပ်စားပွဲခုံပေါ်မှ တုန်ခါလာသော ဖုန်းကြောင့်
ထိုက်စံ ကိုယ်အားမတ်လိုက်ရင်း ဖုန်းအားကိုင်လိုက်သည်။

🖤SWEL'🖤( စွဲ~စြဲ )  ~completed~Where stories live. Discover now