78.1

11.9K 2K 35
                                    

Unicode

နောက်တစ်နေ့ မနက်တွင်—

ရှီယွင်နန်တို့ နာမည်ကြီးသည့် ဒေသထွက် အိုးလုပ်ငန်းများသို့ သွားရောက်လည်ပတ်လိုက်ကြသည်။

ရွှေငါးလေးအတွက်တော့ ဒီလိုနေရာမျိုးကို ရောက်ဖူးခြင်းမှာ ပထမဆုံးပင်။ သူက ရှီယွင်နန် ကုတ်အင်္ကျီလေးကို ဆွဲကိုင်ထားရင် ဟိုဟို ဒီဒီလက်ညှိုးထိုးပြနေလေသည်။

"ဝိုးး~ရှောင်ရှုရှု ကြည့်ကြည့် ပါပီလေး!"

ရွှေငါးလေးက ကြွေပန်းပုလေးများတင်ထားသည့်  လေးထောင့်စားပွဲတစ်ခုရှေ့မှာ ရပ်လိုက်၏။

သူနှင့် အနီးဆုံးနေရာမှာတော့ နှာခေါင်းသေးသေးလေး ရွှန်းလဲ့တောက်ပနေသည့် မျက်လုံးဝိုင်းဝိုင်းလေးပါသည့် အဖြူရောင် ကြွေထည်ခွေးပန်းပုလေးက ရှိနေလေသည်။

ရွှေငါးလေးက ကိုင်ကြည့်ချင်စိတ်ကို မျိုသိပ်လိုက်ပြီး ရှီယွင်နန်နှင့် လော့လင်းရှန်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။  "ရှုရှု သားကိုင်ပြီး ကြည့်လို့ရမလား?"

ဒါကိုကြားတော့ သူတို့အား လိုက်ပြနေသည့်ပိုင်ရှင်က ငုံ့ကာ အပြုံးလေးနဲ့ ပြောလာသည်။ "ဒီကလေးလေးက အရမ်းလိမ္မာတာပဲ၊လာ ဦးဦးက ဒါလေးနဲ့ ကစားခွင့်ပေးမယ်"

သူကပြောနေရင်း ထိုအရုပ်လေးအား ကောက်ယူလိုက်ပြီး ရွှေငါးလေးကို ပေးလိုက်သည်။

ရွှေငါးလေးက လက်လေးနှစ်ဖက်ဖြင့် စိတ်လှုပ်တရှားကိုင်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးလေး ကိုယ်လေးကို 90ဒီဂရီကိုင်းပြလိုက်၏။

"ကျေးဇူးပါ ဦးဦး!"

ရှီယွင်နန်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း သူဌေးကိုပြောလိုက်သည်။ "ဒီတိရိစ္ဆာန်ကြွေပန်းပုလေးတွေက တော်တော် အစစ်နဲ့ တူတာပဲ။"

"ဒါတွေ အားလုံးက အလုပ်သင်လေးတွေ လေ့ကျင့်ထားတာပါ။ ဘယ်လောက်မှ မတန်ပါဘူး။" သူဌေးက အတိုချုံးရှင်းပြလာသည်။

ကျင်းမြို့တော်၏ "ပြိုင်ဘက်မရှိ လက်ရာ" များဖြစ်သည့် အရောင်စုံကြွေထည်များနှင့်ယှဉ်ရင် သယ်ဟွာ ဒေသမှာထုတ်လုပ်သည့် ကြွေပန်းပုများက ပိုရုပ်ကြွပြီး ကြွေဖြင့် လုပ်ထားသည့် ဗုဒ္ဓဆင်းတုတော်များမှာ လက်ရာမြောက်လှသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now