At the End of the Red String (Uni)

60 3 17
                                    

~အဲ့အပင်နောက်မှပုန်းနေတယ်ဆိုတာသိတာမို့ ထွက်လာပါတော့ Puppy~

Puppy ဆိုတဲ့အသုံးအနှုန်းကြောင့် Chuuya စိတ်ပျက်လက်ပျက်နဲ့ငြီးတွားလိုက်တယ်.. ဘယ်သူကိုလာပြီး အဲ့မိန်းမရဲ့ခွေးလို့လာခေါ်နေတာလဲ!

Chuuya ဟာ Dazai ရှိနေတဲ့ ကျောင်းစာကြည့်တိုက်နောက်က ပန်းခြံလေးထဲကိုရောက်နေတာကြာပြီဖြစ်တယ်..။ ဆောင်းဦးမို့ Mapel ရွက်တွေဟာလည်း နီဝါရောင်သမ်းနေပြီး လေတစ်ချက်ဝှေ့တိုင်း Dazai ထိုင်နေတဲ့သစ်ပင်အောက်ကဖျာ‌နားလေးမှာ တစ်လှပ်လှပ်နဲ့ကြွေကျလို့နေခဲ့တယ်..။

Mapel ရွက်နဲ့ Dazai ရဲ့လက်ရှိဝတ်စားပြီးထိုင်နေပုံလေးကအရမ်းကို aesthetic ဆန်ပြီးလိုက်ဖက်လွန်းလှတယ်.. အညိုရောင်ဂါဝန်အရှည်လေးအပေါ်မှာ သူဖတ်နေတဲ့စာအုပ်လေးတင်ထားပြီး နို့နှစ်ရောင်သိုးမွေးဆွယ်တာလည်ပိတ်၊ လက်ရှည်လေးကိုဝတ်ထားတယ်.. ကျော်လည်လောက်ရှိတဲ့ အညိုရောင်ဆံပင်ကောက်ကောက်လေးလေးကိုလည်းဖျန့်ချထားပြီး နားတစ်ဖက်သိမ်းထားတယ်.. မျက်မှန်အဝိုင်းလေးနဲ့ သူမရဲ့အခုပုံစံလေးဟာ ရွက်ဝါတွေနဲ့လိုက်ဖက်နေတယ်ဆိုတာ Chuuya မဝန်မခံချင်တောင်မငြင်းနိုင်ခဲ့..။

ဟက်.. ဒီလိုပုံစံကြောင့်ယောက်ျားလေးတွေတစ်ယောက်ပြီးတစ်ယောက်လာကြိုက်နေတာနေမှာပေါ့.. သူ့အကြောင်းဖြင့်ဘာမှမသိပဲ..။

ဒါကြောင့်လည်း Chuuya လည်းသူ့ဟာသူစာဖတ်နေတဲ့ Dazai ကိုမနှောင့်ယှက်ချင်လို့အဝေးကနေငေးနေမိတာပေမဲ့ Dazai ဟာထက်လွန်းတယ်..။

Chuuya လည်းပုန်းနေရာနေထွက်ပြီး Dazai ရှိနေတဲ့သစ်ပင်အောက်စီလာရင်း သူဝတ်ထားတဲ့ Leather Jacket ထဲလက်ထည့်ရင်းဆောင့်အောင့်ပြီးထိုင်လိုက်တယ်..။ Dazai ဟာတော့ Chuuya အပြုအမူကိုတစ်ခစ်ခစ်နဲ့ရယ်နေခဲ့တယ်.။

"Ara Ara~ဝတ်ထားတာဖြင့် Skirt အတိုလေးကိုနော်.. မိန်းကလေးဆန်ဆန်ထိုင်မှလေ~"

"တော်စမ်းပါ.. ငါကနင့်လိုအိဒ္ဒြေရေ ၁၀ သိန်းနဲ့ နောက်ကွယ်မှာတော့လုပ်ချင်တိုင်းလုပ်တတ်တဲ့သူမျိုးမဟုတ်ဘူး"

"အို.. ပါပီလေးကသူ့သခင်ကိုတစ်ခုခုများစိတ်ကောက်နေတာများလား?"

At The End of The Red StringWhere stories live. Discover now