RVTIACF Chapter-(36)

1.9K 280 14
                                    

CHAPTER-(36)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

"အမေ့ကို မောင်းထုတ်နေတာမဟုတ်ရပါဘူး။ ဒါကိုခဏတာ ခက်ခဲမှုလို့ပဲ တွေးကြည့်လိုက်လေနော်။ အနာဂတ်မှာ သမီးယိမိသားစုကို လက်ထပ်ဝင်သွားရင် ဗီလာခမ်းခမ်းနားနားကြီးနဲ့ အမေလိုတာလုပ်ပေးမယ့် အစေခံတွေငှားပေးမှာပါ။ အခုတော့စိတ်ရှုပ်နေလို့ သမီးကိုအနှောင့်အယှက် ပေးတာရပ်ပါတော့။ ယိချန်ကိုဆုံးရှုံးရတာနဲ့ အဆုံးသတ်သွားမယ်ဆို သမီးတို့နှစ်ယောက်လုံး ဘယ်မှသွားစရာမရှိ ဖြစ်လိမ့်မယ်နော်။"

ပိုင်လင်းကတစ်ခုခုကို ပြောတော့မယ့်အချိန်မှာပဲ ပိုင်ရွယ်ဝေ့ရဲ့စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ အမူအရာကိုမြင်ပြီးတဲ့နောက် ဆိတ်ဆိတ်နေဖို့သာ ရွေးချယ်ကာ အခန်းထဲပြန်ဝင်ပြီး သူမအထုတ်သာသွားသိမ်းလိုက်၏။ ထပ်ပြီး သူမဆုံးဖြတ်ချက်ကို နောင်တရစပြုလာသည်။ အစေခံတွေနဲ့အိမ်ကြီး.....ဗီလာအကြီးကြီးမှာ နေတယ်တဲ့လား...ဒါတွေက စစတုန်းက ချူမိသားစုမှာ နေခဲ့သလိုပဲမဟုတ်လား? အဲ့တုန်းက သူမသက်တောင့်သက်သာ ဘဝမှာ နေခဲ့ရတာမဟုတ်လား? ဒါမဲ့ အခုဒီလိုတွေးနေတော့ရော ဘာအရေးလဲ? သူမသမီးသာ ချမ်းသာတဲ့မိသားစုကို လက်ထပ်ဝင်သွားရင် သူမအဲ့လိုပြန်နေရမှာ။ ဒါကြောင့် ဒီလိုအရာတွေ စိတ်ပူနေဖို့မှ မလိုပဲ။

အခုတော့ သမီးကအိမ်ကနေ မောင်းချချင်နေပြီ။ ချူမိသားစု စံအိမ်ကြီးမှာ သက်တောင့်သက်သာဘဝနဲ့ အသက်မွေးဝမ်းကြောင်းပြုပြီး ဘာမှလုပ်စရာမလိုခဲ့တဲ့ ပိုင်လင်းက သူမဘာသာအကုန် လုပ်ရတော့မယ်။ ယိချန်သူတို့ကို ပိုက်ဆံပေးဖို့ငြင်းလိုက်တဲ့ အချိန်ကစပြီး အချိန်ပိုင်းအလုပ်လည်း ရှာရတော့မယ်။ အခြေအနေတွေ ဘယ်လိုလုပ်ပြင်းထန်လာတာလဲ? သူမဘာတွေ စဥ်းစားနေမိတာလဲ?

တခြားတဖက်မှာတော့ ပိုင်ရွယ်ဝေ့က အကြာကြီးစဥ်းစားပေမယ့် ယိချန်ဆီ ဖုန်းခေါ်ပြီး မစွန်ံစားရဲပေ။ နောက်ဆုံးတော့လည်း ယိချန်ကသူ့အဖေ ခြေရာနင်းဖို့ ကုမ္ပဏီသွားတယ်ဆိုတာ သေချာတာပဲ။ သူမတကယ်သာ ယိချန်ကိစ္စတွေအပေါ် အကျိုးသက်ရောက်နေတာ ကိုရပ်လိုက်ပြီး သူမသူ့မိဘတွေကို ကိစ္စအဖြစ်မှန်ကိုသာ အသိပေးလိုက်ရင် သူမအရမ်း ကြိုးစားခဲ့သမျှ အလကားဖြစ်သွားမှာပေါ့။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now