19

9K 783 224
                                    

unicode version

"မောင် "

တိတ်ဆိတ်နေတဲ့ညအချိန်မို့ရှောင်းကျန့်ရဲ့အသံ
တိုးတိုးကရှင်းလင်းစွာဘဲထွက်ပေါ်လာသည်။

"အင်း "

"ဆံပင်ညှပ်ပါလားဟင် "

ရင်ခွင်ထဲမှာအိပ်နေရင်း
ရုတ်တရက်ကြီးပြောလာတဲ့ ရှောင်းကျန့်စကားကို
ရိပေါ်နားမလည်သလို ပြန်မေးလိုက်သည်။

"ဘာလို့လဲ "

"ဒီတိုင်း ညှပ်စေချင်လို့ "

မုန်းလို့မောင်။ မောင်ရဲ့ဆံပင်တွေကိုမုန်းတာမဟုတ်ဘဲ
ဟိုကလေးမကြိုက်တယ်ဆိုတဲ့ မောင့်ရဲ့ဆံပင်ပုံစံကိုမုန်းလို့။

"အကြောင်းအရင်းအတိအကျတော့ပြောလေဗျာ
ကျွန်တော့်ဆံပင်ပုံစံက ထားတာအတော်ကြာပြီဆိုတော့
နှမျောတယ်လေ "

တစ်ခြားသူဆံပင်ညှပ်ခိုင်းရင်း တန်းငြင်းမိမှာဆိုပေမဲ့
ပြောတဲ့သူကရှောင်းကျန့်မို့ အကြောင်းအရင်းသိချင်သည်။
ဒီဆံပင်ပုံစံကိုသူကြိုက်လွန်းလို့ အသက်၁၅
လောက်ကတည်းက ထားခဲ့တာဆိုတော့
ခုချိန်တန်းညှပ်ဖို့ကျ နှမျောမိသည်။ ဒါပေမဲ့လည်း
ရှောင်းကျန့်ဆီက ခိုင်လုံတဲ့အကြောင်းပြချက်ရရင်တော့
သူညှပ်မှာပါ။

"အကြောင်းပြချက်မရှိဘူး ဒီတိုင်း မုန်းလို့ "

ဘာမှမပြောဘဲအကြာကြီးကြောင်ကြည့်နေတဲ့
ရိပေါ်ကြောင့် ရှောင်းကျန့်ပျက်ချင်နေတဲ့ မျက်နှာကိုထိန်းလိုက်ပြီး

"စတာပါမောင်ရဲ့ "

လုပ်ရယ်ရယ်ရင်းပြောလိုက်တော့ ရိပေါ်ကသူ့ကိုမျက်မှောင်
ကျုံ့ကြည့်လာပြီး

"ခင်များနေကောင်းရဲ့လား ဘာဖြစ်နေတာလဲ "

"နေမကောင်းဘူး "

နေမကောင်းဘူးမောင်။ မောင့်ကြောင့်ရူးတော့မယ်ထင်တယ်။

"မှန်း...။ကိုယ်လည်းမပူပါဘူး ခေါင်းကိုက်နေလား "

နဖူးပေါ်လက်တင်ရင်းအဖျားစမ်းနေတဲ့ ရိပေါ်လက်ကြီးက
နွေးလိုက်တာ။ဒါမှမဟုတ် သူ့အသားတွေကအေးနေတာများလား။

My very bad husband  belong to meWhere stories live. Discover now