အခန်း(၅၆၇)

937 84 25
                                        

အခန်း(၅၆၇)

ပြည်ဖျက်မည့် မိန်းမထက် ဆိုးရွားသော။






လက်ရှိတွင် ဥာဏသမားတော် ရာထူးအား ကိုင်ဆောင်ထားနိုင်သည့် သမားတော် သုံးဦးသာရှိပြီး ဆေးပညာသင်ကျောင်း၏ ဘိုးဘေးကောင်စီတွင် ပထမဆုံးရာထူး သုံးခုအား ရယူထားသည်။ ဒုတိယနှင့်တတိယအကြီးအမှူးမှာပင် တွေ့ဆုံရန် ခက်ခဲလှရာ ခေါင်းဆောင်အကြီးအမှူးဆိုလျှင် ဆိုဖွယ်မရှိတော့ပေ။ထို့အပြင် ဆေးမြို့တော်၏ ကိုယ်ပိုင်စည်းမျဉ်းများအား ဆန့်ကျင်သည့် တစ်စုံတစ်ရာလုပ်ဆောင်ရန် သူတို့က တောင်းဆိုလိုခြင်းဖြစ်သည်။ သို့သော် စစ်သူကြီးချူ မှာ ထိုအကြံအား အကောင်အထည်ဖော်လိုက်သောကြောင့် ဖြစ်နိုင်သည်ဟု သူက ယူဆလိုက်သည် ။
“မကြာသေးခင် တတိယအကြီးအမှူးShenက ဆေးနတ်ဆိုးဆေးပေးခန်းနဲ့ ဆေးဝါးမြို့တော် အငြင်းပွားမှုမှာ ရောက်လာတယ်။ …” စစ်သူကြီးချူမှ ရပ်တန့လိုက်သည်။

Chu Yunyi မှာ ထိုအကြံအား ငြင်းပယ်လိုက် လေသည်။ “ဒီကိစ္စရဲ့ သက်ရောက်မှုတွေက  ကြီးမားလွန်းတယ်။ အဲဒါကို အောင်မြင်အောင် လုပ်မှရမယ်။ မဟုတ်ရင် ကိစ္စအားလုံး ဆုံးရှုံးရလိမ့်မယ်။” ထိုအောင်မြင်မှုမှာ စောစီးစွာ မီးဖွားခြင်းသာမက လုပ်ရပ်အား လျှို့ဝှက်ထားရန်လည်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်မှာ ထိုသတင်းအား လူသိရှင်ကြား ထုတ်ဖော်လိုက်ပါက ချူမျိုးနွယ်မှာ လူထုထံမှ ကဲ့ရဲ့ ခံရလိမ့်မည်။ အချိန်မရှိတော့မည်အား စိုးရိမ်သောကြောင့်သာ အချိန်စော မီးဖွားစေရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် သူတို့က အပိုသုံးလထပ်စောင့်ရန် တတ်နိုင်သည်။ 

" ကျွန်တော်တို့ အားကိုးနိုင်တဲ့လူတစ်ယောက်ရှိတယ်။" စစ်သူကြီးချူမှ အသံအား နိမ့်၍ နာမည်တစ်လုံးပြောလိုက်သည် ။ "သခင်မ Lianxin"

ဆေးဝါးမြို့တော်၏ အဖြစ်အပျက်များမှာ ကုန်းမြေကြီးတစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီးနောက် သခင်မ Lianxin နှင့် Han Yunxi တို့မှာ ရန်သူများအဖြစ်လာကြောင်း  လူတိုင်းမှသိထားကြသည်။ မူမျိုးနွယ်မှာ ဆေးဝါးမြို့တော်တွင် နှိုက်နှိုက်ချွတ်ချွတ် အလဲထိုးခံခဲ့ရသောကြောင့် သူတို့အတွက် တစ်ကျော့ပြန်ရန် အလွန်ခက်ခဲပေလိမ့်မည်။ အကယ်၍ သခင်မ Lianxin မှာ သူတို့နှင့် လက်တွဲနိုင်ခဲ့ပါက သူမက လက်စားချေနိုင်ပြီး ဆေးပညာသင်တန်းကျောင်းအပြင် မှီခိုအားထားနိုင်သော အခြားစွမ်းအားအရင်းအမြစ်အား ရှာဖွေနိုင်လိမ့်မည်။ သူမက ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်ကာ သူတို့၏ကမ်းလှမ်းချက်အား  ငြင်းပယ်နိုင်မည်မဟုတ်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now