Part - 23 ( Zg + Uni)

5K 286 16
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 23  )

" သောက်ကွာ.... ဒီနေ့ မင်း ကြိုက်သလောက်
သောက် ငါ မတားဘူး ခေါင်ကြီး "

ပြောလည်းပြော သွေးသစ်ဖြိုး သူ့ပါ ခေါင်ယံမှိုင်း
နဲ့ အပြိုင်သောက်နေလေသည်။

ခြားနား  နဲ့ နမ်းမလို့ ဖြစ်တဲ့ လွန်ကြိုးဖြူဖြူ ပုံတွေ၊
ဒါ့အပြင် ခြားနား ကို ချစ်တယ်လို့ ပြောနေသော
လွန်ကြိုးဖြူဖြူ စကားတွေကို ခေါင်ယံမှိုင်း
ပြန်ကြားကာ ရှေ့က အရက်ခွက်ကို
စားပွဲပေါ် ဆောင့်ချပစ်သည်။

" ဒုန်း.....!! "
" ဗြိ...!! "

လက်ထဲမှာတင် ဖန်ခွက်က ခေါင်ယံမှိုင်း ရဲ့ ညှစ်
အားကြောင့် တစ်စစီကွဲကြေသွားပြီး
ညာလက်တစ်ဖက်ကလည်း သွေးတွေစီးကျ
လာသည်။

" ခေါင်ကြီး မင်း လက်မှာ သွေးတွေ ထွက်နေပြီ...
ဖန်ခွက်ကို လွှတ်လိုက်တော့....!!
လွှတ်လိုက်တော့ ခေါင်ကြီး...!!  "

အရက်​​သောက်တာတောင် သွေးသစ်ဖြိုး
ကောင်းကောင်း မသောက်ရ ခေါင်ယံမှိုင်း
လက်က သွေးတွေကို မြင်တာနဲ့
ပြောလည်းပြော လက်ကလည်း တား၏ ။

ဒါပေမဲ့ သိပ်ကို ခေါင်းမာတဲ့ ခေါင်ယံမှိုင်း က
လွှတ်မပေးခဲ့ပါ။

" သွေးတွေ အများကြီး ထွက်နေပြီ ခေါင်ကြီး...
တော်ပါတော့ ငါ တောင်းပန်ပါတယ်
မင်း ရပ်လိုက်ပါတော့..!!အသဲကွဲတာနဲ့
ကိုယ့် လက်ကိုယ် ထိခိုက်အောင်
မလုပ်ချင်စမ်းပါနဲ့... ကိုယ့် နဲ့  မတန်တဲ့
မိန်းမတစ်ယောက်အတွက် မင်း လက်ကို
မထိခိုက်ချင်စမ်းပါနဲ့... အထူးသဖြင့်
သစ္စာမရှိတဲ့ ထူးခြားနားလို ​ကောင်​ အတွက်...
အလကားကောင် ကိုယ့် သူငယ်ချင်း ကြိုက်နေတဲ့
လူကိုမှ လုယူရက်တယ်.. မြေမြိုမယ့်ကောင် "

" ငါ ပြောတာကြားလား ခေါင်ယံမှိုင်း. ..!!
ရပ်တော့လို့... မင်းနဲ့ မတန်တဲ့ လူတွေ
အတွက် ကိုယ့် အသားကိုယ် နာအောင်
မလုပ်ချင်စမ်းနဲ့...​တော်​​တော့လို့ ​ခေါင်​ကြီး....!!! "

အဆုံးသတ်​မှ ​သွေးသစ်​ ​အော်​လိုက်၍
ခေါင်​ယံ သတိဝင်​သွားကာ ဖန်​ခွက်​ကွဲကို
ဆုပ်​ထားတာ လွှတ်​ပစ်​လိုက်​သည်​။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now