အပိုင်း ၁၆၁ မှ ၁၆၅

300 34 0
                                    


Chapter 161 - ယန်ချီက ဒီလောက်ပဲလို့ ထင်နေတာလား

ခန်းမကြီးထဲက စစ်သူကြီး အယောက်သုံးဆယ်လည်း သူတို့အရှေ့မှာ ပေါ်လာတဲ့ ပေငါးဆယ်မြင့်တဲ့ ရွှေရောင်ခန္ဓာကိုယ်ကြီးကို ကြည့်ပြီး အံ့သြမှင်သက်နေကြပါတယ်။

သူတို့တွေအားလုံး အလွန် အံ့အားသင့်နေခဲ့ခြင်းဖြစ်ပါတယ်။

ဒီလို အသက်အရွယ်လေးနဲ့ အဆင့်ငါး ဖန်ရွှေခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပြီလား။

နဂါးတိုင်းပြည်မှာ ဘယ်အချိန်မှာ ဒီလိုပါရမီရှင်ပေါ်လာပါလိမ့်။

ယန်ချီက ဖန်ရွှေခန္ဓာကိုယ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့မျက်နှာထက်မှာတော့ မသက်မသာအပြုံးတစ်ခု ရှိနေခဲ့ပါတယ်။

သူက ဖြစ်နိုင်မယ်ဆိုရင် ဒီစစ်သူကြီးတွေကို မတုန်လှုပ်စေချင်ပါဘူး။

“အင်ပါယာ ကျွန်တော်အထင်ပြောရမယ်ဆိုရင် ယန်ချီက ဒီလောကရဲ့အစွမ်းအထက်ဆုံး ပါရမီရှင်သာမက သူ့လိုမျိုး နောက်တစ်ယောက် ရှိလာနိုင်မှာ မဟုတ်ပါဘူး”

ဘတာအို စစ်သူကြီးက အင်ပါယာကို ပြောလိုက်ပါတယ်။

အင်ပါယာ ဟီယီက ထပ်ပြုံးလိုက်ကာ ပြောလိုက်ပါတယ်။ “ငါက ဘာကြောင့် အဲ့ဒီလို မထင်ရမှာလဲ။ ဒါပေမယ့် မင်းတို့က ယန်ချီကို ဒီလောက်ပဲလို့ ထင်နေတာလား”

“ဘာ. . . ”

ခန်းမထဲက စစ်သူကြီး အယောက် သုံးဆယ်လုံး ဒီစကားကြောင့် ကျောက်ရုပ်အလား ဖြစ်သွားခဲ့ကြပါတယ်။

“ဒါတင် မကသေးဘူးလား”

“အဲ့ဒါ ဘာကို ဆိုလိုတာလဲ”

“ယန်ချီမှာ နောက်ထပ် အရည်အချင်းတွေ ရှိသေးတာလား”

စစ်သူကြီး အယောက်သုံးဆယ်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး သူတို့ရဲ့ မျက်နှာထက်မှာ အံ့သြမှုတွေ ပြည့်နှက်နေခဲ့ပါတယ်။

“ပုံမှန်ဆိုရင် မင်းတို့တွေ တိုက်ခိုက်ရေးစွမ်းအား တိုးတက်ချင်ရင် လေ့ကျင့်ရတယ် မှတ်လား။ ငါမင်းတို့ကို ပြောမယ်။ ယန်ချီက သူ့ဓါးကို ဆွဲထုတ်ရုံနဲ့ တိုက်ခိုက်ရေးစွမ်းအား တိုးတက်လာနိုင်တယ်”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now