အပိုင်း ၁၆၆ မှ ၁၇၀

293 34 0
                                    


Chapter 166 - သိုင်းအရှင်သခင်တွေရဲ့ အံ့အားသင့်မှု

သိုင်းအရှင်သခင်တွေနဲ့ စစ်သည်တွေက နေရာမှာတင် ကျောက်ရုပ်အလား ငုတ်တုတ်မေ့နေခဲ့ပြီး အချိန်အတော်အကြာအထိ သတိပြန်မဝင်လာခဲ့ကြပါဘူး။

“အသံထက်မြန်တဲ့ စွမ်းအားလား”

“ဒီလူက အသံထက်မြန်တဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တာလား”

လက်သီးချက်က မိုးကြိုးလို လျင်မြန်တဲ့ အဆင့်ကို ရောက်တဲ့အခါ ဒီအစွမ်းကို ရောက်ရှိတာကြောင့် လက်သီးထိုးသူရဲ့ ကျင့်စဉ်အဆင့်က နိမ့်ကျတာ မဖြစ်နိုင်ပါဘူး။

ရုတ်တရက် အဆင့်မြင့်သိုင်းအရှင်သခင်က ယန်ချီဘေးကနေ နောက်ကို ခြေလှမ်းများစွာ ဆုတ်လိုက်မိပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေခဲ့ကာ အားနည်းသလို ခံစားခဲ့ရပါတယ်။

သူက သူ့အနေနဲ့ ယန်ချီလို့ လုပ်နိုင်လားဆိုပြီး သူ့ကိုယ်သူ ပြန်မေးမိပါတယ်။

ဘေးနားမှာ ရှိနေတဲ့ ဘတာအို စစ်သူကြီးကတော့ ခေါင်းခါလိုက်ပါတယ်။ သူက တစ်ယောက်ထဲ တွေးကာ ပြုံးနေခဲ့ပါတယ်။ သူတုန်းကလည်း အင်ပါယာနန်းတော်ထဲမှာ ဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်လေ။

ယန်ချီက ဓါးဆွဲထုတ်တိုင်း သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို တိုးလာစေနိုင်တယ်ဆိုတာ သူ သိပါတယ်။

တလောကလုံးကို ကြည့်မယ်ဆိုရင် ယန်ချီလို အစွမ်းထက်ဆုံးလူက အရင်က မရှိဖူးသလို နောက်လဲ ရှိလာမှာ မဟုတ်ပါဘူး။

ယန်ချီက ဒီလောကရဲ့ ကယ်တင်ရှင်ဖြစ်လာမယ်ဆိုတာ သူလည်း မကြာသေးခင်ကမှ သိခဲ့ရပါတယ်။

“မင်း . ..  မင်းရဲ့ ကျင့်စဉ်အဆင်က ဘာလဲ”

အဆင့်မြင့် သိုင်းအရှင်သခင်က ယန်ချီကို အံ့သြမှင်သက်စွာနဲ့ မေးလိုက်ပါတယ်။

ဒီစကားထွက်လာ ပြီး မကြာမီမှာပဲ သိုင်းအရှင်သခင်အဆင့်တွေနဲ့ စစ်သည်တွေကတော့ သတိပြန်ဝင်လာခဲ့ပြီး ဂျင် တသန်းလေးတဲ့ သံဘောလုံးကြီးကို အမှုန့်ဖြစ်အောင် လုပ်လိုက်တဲ့ ယန်ချီရဲ့ အဖြေကို သိချင်ခဲ့ကြပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now