Ch 176 to 180

297 31 0
                                    


Chapter 176 - တစ်ချက်ထဲပါ

အဆင့်မြင့် သိုင်းတပည့်အဆင့် မိုရှီက ပုဆိန်ဂိုဏ်းရဲ့ ဒုတိယခေါင်းဆောင်ဖြစ်ပါတယ်။

သူက ယန်ချီကို အေးစက်စွာ ကြည့်လိုက်ပါတယ်။

ယန်ချီပြောတဲ့ စကားအရ ယန်ချီက ကောင်းကင်နဲ့ မြေကြီးအကြောင်းကို မသိသူဖြစ်ရမယ်ဆိုတာ သူ သိလိုက်ပါတယ်။

သူက ယန်ချီကို သိုင်းတပည့်အဆင့် သိုင်းပညာရှင်မှန်း သိပါတယ်။

“ကြည့်ရတာတော့ ” လိန်ဝမ်က ယန်ချီကို စူးစိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်ပါတယ်။ “မင်းက သေဖို့ ရွေးချယ်လိုက်တာလား”

ယန်ချီကတော့ မတုန်မလှုပ်ရှိနေဆဲ ဖြစ်ပါတယ်။

သူကို ကြည့်ရတာ အလွန် ရယ်စရာ ကောင်းနေတယ်လို့ ခံစားရစေပါတယ်။

ဒီလိုမြင်ကွင်းမျိုးက ယွမ်တစ်သောင်း ရှိတဲ့လူက ဘီလျံနာအရှေ့မှာ ဝင့်ကြွားနေပုံနဲ့တူနေခဲ့ပါတယ်။

“ငါ မင်းကို ထပ်ပြောမယ်။ ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေး တစ်ခု ပေးမယ်။ မင်းသာ လက်မခံခဲ့ဘူးဆိုရင် ဖြစ်လာမယ်အကျိုးဆက်ကို မင်း ခံနိုင်မှာမဟုတ်ပါဘူး ”

ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်ပါတယ်။

လိန်ဝမ်တစ်ယောက် ဒေါသအကြီးအကျယ် ထွက်နေခဲ့ပါတယ်။

သူက ယန်ချီရဲ့ မောက်မာမှုကို မခံစားနိုင်တော့ပါဘူး။

“သူ့ကို သတ်စမ်း”

လိန်ဝမ်က ကျယ်လောင်စွာ အမိန့်ပေးလိုက်ပါတယ်။

ချက်ချင်းပင် ပုဆိန်ဂိုဏ်းက ရာချီတဲ့ လူတွေက သူတို့ရဲ့ ပုဆိန်တွေကို ဝင့်ပြီး ယန်ချီကို တိုက်ခိုက်လိုက်ပါတယ်။

ဟွာချင်းက လူတွေက ဒီမြင်ကွင်းကို မြင်တော့ သူတို့တွေလည်း တုန့်ပြန်ဖို့ အသင့်ပြင်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာ သူတို့ရဲ့ မျက်စီအရှေ့မှာ အေးစက်စက် အလင်းတခု ဖျတ်ခနဲ လက်သွားခဲ့ပါတယ်။

ဟွာချင်းက လူတိုင်း ဘာလဲဆိုပြီး ကြည့်လိုက်ကြပါတယ်။

ပထမအကြည့်တစ်ချက်မှာပဲ သူတို့အားလုံး အံ့အားသင့်သွားခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now