Ch 181 to 185

292 31 0
                                    


Chapter 181 - မင်းတို့ မျိုးနွယ်က ငါ့အရှေ့မှာဆိုရင် ပုရွက်ဆိတ်သာသာပါ

ဂျင်မျိုးနွယ်အကြီးအကဲ ဂျင်တျန်းက ယန်ချီကို ကြည့်လိုက်ပါတယ်။

ယန်ချီက သူနဲ့အတူ သူတို့ရဲ့ မျိုးနွယ်ဆီကို ဘာကြောင့် ရဲရဲရင့်ရင့်လိုက်ခဲ့လဲဆိုတာကို နားမလည်ခဲ့ပါဘူး။

ချက်ချင်းပင် ဂျင်တျန်းက ယန်ချီကို ခေါ်ပြီး ဂျင်မျိုးနွယ်ဆီကို ပြန်လာခဲ့ပါတယ်။

လမ်းမှာတော့ ဂျင်တျန်းက ယန်ချီကို လေ့လာနေခဲ့ပါတယ်။

“မင်းက သတ္တိအရမ်း ရှိနေတာလား”

ရုတ်တရက် ဂျင်တျန်းက ရပ်လိုက်ပြီး ယန်ချီကို ပြောလိုက်ပါတယ်။

“ဒီလိုပါပဲ” ယန်ချီကလည်း ပြန်ဖြေလိုက်ပါတယ်။

ဂျင်တျန်းလည်း ယန်ချီလို လူမျိုးကို တခါမှ မမြင်ဖူးပါဘူး။

“မင်း ဂျင်မျိုးနွယ်ဆီကို ရောက်တဲ့အခါ မင်းရဲ့ ကံကြမ္မာက ဘာဖြစ်လာမယ်ဆိုတာ တွေးမိလား”

“ငါ့ရဲ့ ကံကြမ္မာ. . .”

ယန်ချီက ဒီအကြောင်းကို တွေးလိုက်မိပါတယ်။

“မင်းတို့ ဂျင်မျိုးနွယ်ခေါင်းဆောင်က မူလသိုင်းအရှင်သခင် အဆင့်မှတ်လား”

“ဟုတ်တယ်လေ”

ဂျင်တျန်းက ခေါင်းညိတ်လိုက်ပါတယ်။

“ဒါဆိုရင်တော့ ငါအတွက် အန္တရယ် မရှိပါဘူး”

ယန်ချီက ပြောလိုက်ပါတယ်။

ဂျင်တျန်းတစ်ယောက် အံ့အားသင့်သွားပြီး ယန်ချီကို ကြည့်လိုက်ပါတယ်။

“ဖြစ်နိုင်တာကတော့ .. . ”

“ဒီလူက မျိုးနွယ်ခေါင်းဆောင်ထက်ပိုပြီး အစွမ်းထက်နေတာလား.. . ”

ဒီအကြောင်းကို တွေးမိပြီး ဂျင်တျန်းတစ်ယောက် ကူကယ်ရာမဲ့စွာနဲ့ အံ့အားသင့်သွားသလို ခံစားမိလိုက်ပါတယ်။ ဒီလို အံ့အားသင့်လောက်တဲ့ ဖြစ်နိုင်ခြေကြောင့် သူ ဂျင်မျိုးနွယ်ဆီကို သွားဖို့ သတ္တိရှိတာ ဖြစ်နိုင်ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now