[Zawgyi]
Ram ပန်းသီးကိုက်ရင်း အိမ်ရှေ့မှာ ရှိနေမိသည်။ ခန္ဓာကိုယ်က လှုပ်ရှားမှု ငြိမ်နေပေမဲ့ တစ်ခုတည်းသောအငြိမ်မနေစွာနဲ့ရွေ့လျားနေတဲ့ မျက်ဆံတွေက တစ်နေရာနဲ့ တစ်နေရာ ရွေ့လျားနေတာ ခပ်မြန်မြန်..။
”Ram သွားပွတ်တံရော ”
”မျက်နှာသစ်ကရော!!!? ”
”တဘက်အရှည် ဘယ်နားထားလဲ ပြောဦး ”
မနက်အစောထဲက ဘတ်ဟျွန်းဖုန်းဆက်ထားတဲ့အကြောင်းပြောတာနဲ့ ဆက်အိပ်ဖို့လုပ်နေရာက မျက်နှာပြူးလာတဲ့ ချန်းယောလ်က အကြောင်းအရာတွေကို နားထောင်ပြီးသကာလ ကြောက်လန့်တကြား ဖြစ်နေတာများ ။
ဆက်တောင် မအိပ်တော့ဘဲ ကိုယ်လက်သန့်စင်ရင်း ရေချိုးဖို့ လုပ်နေတာကို Ram ကြည့်နေတာပဲ ဖြစ်သည်။ သူ့ယောက်ဖလေး စိတ်ဆိုးနေတာ သိတော့ အာရုံမကပ်ဘဲ ဟိုပြေးဒီပြေး ဖြစ်နေတာက Ram အတွက်တော့ ရယ်ရတဲ့ ပြဇာတ်လို အဓိပ္ပာယ်ဖွင့်ဆိုပြီး ကြည့်နေတာ ဖြစ်သည်။
ခန္ဓာကိုယ်အရွယ်အစားနဲ့ အရပ်ပါ ညီမျှချင်တဲ့ သူတို့နှစ်ယောက်အတွက် အဝတ်အစား ဒုက္ခ ကင်းဝေးသည်။
Ram ရဲ့ ဘီဒီုကိုဖွင့်လို့ အောက်ကော်လံရှပ်နဲ့ အပေါ်ထပ် ဆွယ်တာကို တွဲဝတ်လာ၏ ။ ဂျင်းဘောင်းဘီအပြာ ဒူးပြဲကို ကမန်းကတမ်း ကောက်စွတ်လို့ ချန်းယောလ်က ပြေးဖို့ မနည်း တာဆူနေတာများ ။
ဘတ်ဟျွန်းကို ဘယ်လို မျက်နှာပြရမလဲလေ
အိမ်တောင် ပြန်မလာနဲ့ ဆိုတဲ့ ရာဇသံထွက်ထားတော့ အိမ်နားနီးလေ ချန်းယောလ်ရဲ့ ရင်တွေက အတိုင်းအဆမရှိ ခုန်လေ.. ကြောက်ရွံ့ခြင်းတွေနဲ့ တုန်ယင်နေတာလည်း တစ်စိတ်တစ်ပိုင်းပေါ့...
သော့မခတ်ထားတဲ့ ခြံတံခါးပုလေးကို တွန်းဖွင့်ပြီး ချန်းယောလ် အထဲဝင်လာခဲ့သည်။ ဟိုတစ်ခေါက် ခြံစည်းရိုးတွေကို အရောင်းပြောင်းချင်နေတယ်ပြောတာ ၊ ဒီအပတ်လုပ်ပေးဦးမှပဲ ။ အဖြူရောင်အစား အစိမ်းနုလေး သုတ်ပေးရင်ကောင်းမလား?
သဘောကျနေမဲ့ ဘတ်ဟျွန်းမျက်နှာလေးကို မြင်ယောင်မိတော့ တွေးနေရင်းနဲ့တောင် ချန်းယောလ် ပြုံးပျော်မိ၏ ။
