Part - 24 ( Zg + Uni)

5K 272 14
                                    


☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 24  )

" ခဏနေပါအုံးရှင့် ညီမလေး လွန်ကြိုးဖြူဖြူ...
ညီမလေး သွားလို့ မရသေးပါဘူး
ညီမလေး သူငယ်ချင်း ထက်ထက်လင်း
က ညီမလေးကို the whole king / queen
ပြိုင်ဖို့ စာရင်းပေးထားတဲ့ အတွက် ညီမလေး
အဲ့ဒါ ပြိုင်ရပါအုံးမယ် "

စာစီစာကုံး ဆုတက်ယူပြီးတာနဲ့ အောက်ကို
ဆင်းမယ်အလုပ် ဖြူဖြူ ကို အဆင်းမခံဘဲ
ဆိုလိုက်သော Physics major က
အစ်မကြီးကြောင့်
တစ်ကိုယ်လုံးက တုန်ယင်သွားသည်။
စင်အောက်က ထက်ထက် ကို ကြည့်လိုက်တော့
လည်း ဖြူဖြူ ကို အသနားခံကာ ပြိုင်ပေး
ပါဆိုသော အကြည့်နဲ့။ ဘေးနားမှာလည်း
ခြားနား က ရှိနေလေသည်။

ဟင့်အင်း ဖြူဖြူ ပြိုင်လို့ မရဘူးလေ။
ဖြူဖြူက ဒွိလိင်လေ။ ဖြူဖြူ သာ ပြိုင်လို့
နာမည်ကြီးသွားခဲ့ရင် ဖြူဖြူ ဒွိလိင် ဖြစ်တာ
သိတဲ့တစ်နေ့ အရှက်ကြီးကျယ် ကွဲမှာ...
ဖြူဖြူ ဘာဆက်လုပ်ရမလဲ။

ဒါကြောင့်လည်း ဖြူဖြူ ကို ထက်ထက် က
မိတ်ကပ်တွေ လိမ်းပေးပြီး ဝမ်းဆက်ပါ
အတင်းအကြပ် ဝတ်ခိုင်းတာကိုး။

မျက်လုံးက တစ်နေရာအရောက် ခေါင်ယံမှိုင်း
လက်ကို ကိုင်ထားသော ချစ်သည်းမာန် ကို
တွေ့လိုက်ရသည်။  သူတို့ နောက်မှာက
သွေးသစ်ဖြိုး။

ခန်းမတစ်ခုလုံးလည်း physics major
တွေက လူ​တွေနဲ့ ပြည့်နှက်​​နေလေသည်။

" အစ်မ ညီမ တောင်းပန်ပါတယ်....
ညီမ ပြိုင်လို့ မရပါဘူး  ညီမ မာသာကလည်း
ညီမ ဒီလိုပြိုင်တာကို မကြိုက်ဘူး...
ဒီလို ပြိုင်ပွဲတွေကိုလည်း  ညီမ မပြိုင်ရဲဘူး
အဆိုးဆုံးကတော့ညီမ လူကြည့်တာကို
မနေတတ်ဘူး အစ်မရယ် ညီမ တောင်းပန်ပါတယ်...
ညီမ နာမည်ပါတာကို ပြန်ဖျက်ပေးပါနော် "

" ညီမလေး မပြိုင်ချင်ရင် အစကတည်းက
ညီမလေး သူငယ်ချင်း ကို စာရင်းမပေး
ခိုင်းနဲ့လေ.... အခုတော့ ပြိုင်မယ့် လူတွေ
အတွက် အရမ်း နစ်နာတယ်...
တကယ်လို့ ညီမလေး မပြိုင်ဘူးဆိုရင် ညီမလေးနဲ့
တွဲမယ့် ကောင်လေးက အဖော်မဲ့သွားမှာပေါ့ "

မပြိုင်ချင်လို့ presenter အစ်မ ကို ဖြူဖြူ
တိုးတိုးတိတ်တိတ် ပြောနေတာတောင် မရ  ၊
ထိုအစ်မက မိုက်ခ်ကြီးနဲ့ ပြောချလိုက်တော့
ဟောခန်းက လူတွေ အကုန်လုံးက ဖြူဖြူ
ကို ကြည့်လာကြသည်။ သူတို့ အကုန်လုံးရဲ့
အကြည့်မှာ ဖြူဖြူ ကို တာဝန်ယူမှု
မရှိဘူးဆိုတဲ့ အကြည့်နဲ့။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now