Part - 30 ( Zg + Uni)

5.3K 265 10
                                    


☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 30  )

" အ မေ့..!!  "

စိတ်ညစ်နေတုန်း ရှေ့မှာ ဘွားခနဲပေါ်လာသော
လူကြောင့် လူက အရမ်းလန့်သွားမိသည်။

" ကျုပ်ကို သရဲမှတ်နေတာလား ဒေါ်ဖြူဖြူ...!!
ခင်ဗျား အဲ့ဒီလောက် လန့်နေရအောင် "

" ငါ မင်းနဲ့ စကားမပြောချင်ဘူး ခေါင်ယံမှိုင်း.. .
ငါ စိတ်ညစ်နေတယ် တိတ်တိတ်လေးနေ​ပေးပါ "

"  ဘာလဲ...ပါချုပ်ကြီး ပြောလိုက်တဲ့
ခင်ဗျား ရဲ့ scholarship ကြောင့်မလား "

" ဟင်...မင်း ဘယ်လိုသိတာလဲ...?? "

" ခင်ဗျားတို့ စကားပြောတဲ့ အချိန်တုန်းက
ကျုပ်က အပေါက်ဝမှာ ရှိတယ်...
ခင်ဗျားကသာ စိတ်ညစ်ညစ်နဲ့ အပြင်ပြန်
ထွက်လာပြီး ကျုပ် ရှိနေတာကို မမြင်တာလေ "

ဪ သူ ရှိနေတယ်တဲ့...!!  ပါချုပ်ကြီးနဲ့
ဖြူဖြူ စကား ပြောနေတုန်းက..!! 
ကြည့်ရတာ ဖြူဖြူ အရမ်းစိတ်ညစ်ပြီး
သူ့ကို မမြင်မိတာ ထင်သည်။

" မင်း ငါ့ကို ကူညီပေးနိုင်မလား ခေါင်ယံမှိုင်း..
ငါရဲ့ scholarship ကို ပါချုပ်ကြီး
ပြန်မရုတ်သိမ်းတော့ဘဲ
ဆက်ထောက်ပံ့ပေးသွားဖို့ အတွက်... "

သူ့က ကျောင်းမှာ အာဏာရှိတဲ့သူဆိုတော့
ဒီတစ်ခါတော့ ဖြူဖြူ သူ့ အကူအညီကို
ယူရတော့မည်။  မဟုတ်ရင် ဖြူဖြူ ရဲ့
မာသာ ဖြူဖြူ ကြောင့် သိပ်ကို ဝမ်းနည်း
နေလိမ့်မည်။ ဒါကြောင့် ရှက်ရှက်နဲ့ပဲ
ဖြူဖြူ တောင်းဆိုလိုက်သည်။ ထိုအခါ
စိုက်ကြည့်လာသော သူ့ မျက်ဝန်းတစ်စုံက
ဖြူဖြူ ကို အံ့ဩခြင်းတွေ အပြည့်နဲ့.. .

" အံ့ဩစရာပဲ ဒေါ်ဖြူဖြူ... ခင်ဗျား ဘက်က
ကျုပ်ကို အကူအညီတွေ မတောင်းစဖူး
တောင်းလို့ပါလား "

"  အပိုတွေ မပြောနဲ့ ခေါင်ယံမှိုင်း..
မင်း ငါ့ကို ကူညီပေးနိုင်မလား
မပေးနိုင်ဘူးလားဆိုတာပဲ ပြောလိုက် "

အကူအညီ​တောင်းတဲ့သူက အ​ပေါ်စီးက​နေ
ဆက်​ဆံ​နေ​တော့ ​ခေါင်​ တစ်​ချက်​ပြုံးလိုက်​မိ
သွားသည်​။

" ဘာလဲ...မင်းဘာလို့ ငါ့ကို ရယ်​​နေတာလဲ
ခေါင်​ယံမှိုင်း...?? ဒါရယ်​စရာမဟုတ်​ဘူး​နော်​ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now