{83-1}

4.1K 780 42
                                    


Unicode

ယင်းနျန်က ထန်းယွီနဲ့ လုံးလုံး မယှဉ်နိုင်ပေ။ယင်းနျန်ရဲ့ ကုမ္ပဏီက ထန်းယွီနဲ့ နောက်ကွယ်မှာ အဆက်အဆံလုပ်ထားပြီး အေးဂျင့်နဲ့သူဌေးကလည်း ယင်းနျန်ထက် ထန်းယွီကို ပိုနှစ်သက်ကြသည်။ထို့ကြောင့်သူ ထိုအေဂျင်စီကနေထွက်ပြီး တစ်ခြားအေဂျင်စီကို သွားချင်ရင်တောင် ထန်းယွီရဲ့ တည်ရှိမှုကြောင့် ထန်းယွီက ယင်းနျန်ရဲ့ တက်လမ်းကို ကြားဝင်ပိတ်‌ဆို့ချင်နေရင် လူတိုင်းကလည်း သူ့ကို ပစားပေးနေကြမှာပင်။—ရှီးယွီကုမ္ပဏီက လွဲ၍ဖြစ်သည်။

ရှီးယွီကုမ္ပဏီရဲ့ လက်ရှိဥက္ကဌက ချူရှင်းဖြစ်သည်။ ချူရှင်းနဲ့ ချူချန်က စရိုက်မတူပေ။ချူချန်က ပေါ့ပေါ့ပါးပါးနေတတ်သည်။ချူရှင်းကတော့ တစ်သီးပုဂ္ဂလသာနေတတ်လေသည်။သူ့ရဲ့ကြင်နာမှုတစ်စွန်းတစ်စကိုလည်း သူ့မိသားစုနဲ့သူငယ်ချင်းတွေအပေါ်မှာသာ ပေးအပ်ပြီးကျန်တဲ့ တစ်ချို့တစ်ဝက်ကိုတော့ သူ့ကိုယ်ပိုင်အလုပ်ပေါ်မှာ ပေးအပ် ထားသည်။ထန်းယွီကြောင့် သူ့ကုမ္ပဏီက အနုပညာရှင်တွေကို ဖိနှိပ်မှာ မဟုတ်သလို ထန်းယွီကို မျက်နှာသာပေးစရာလိုတဲ့ လူမျိုးလည်းမဟုတ်။ထန်းယွီကလည်း သူ့ရှေ့မှာ စိတ်ကြီးဝင်ပြီး ပေါ်လာရဲမှာမဟုတ်ပေ။ထို့ကြောင့် ဒီနှစ်အတွက် သူ့ရဲ့အကောင်းဆုံးရွေးချယ်မှုက ရှီးယွီကုမ္ပဏီဖြစ်နေသည်။ဒါက သူ့အပြင်ပန်းအမြင်မှာရော အလုပ်ကိုပါ အကျိုးသက်ရောက်မှု ကောင်းစေတဲ့ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်လေသည်။

သူဘာလို့ ကျိချင်းကျိုးကို ရှာတာလဲဆိုတာကတော့ ကျိုးချန်ဖုန်းကြောင့်လို့ ချူချန်ထင်သည်။ထန်းယွီရှိနေသမျှကာလပတ်လုံး ယင်းနျန်က လက်ရှိအေဂျင်စီနဲ့ စာချုပ်ဖျက်ချင်ပါတယ်လို့သတင်းထုတ်လိုက်ရင်တောင် ရှီးယွီရဲ့မန်နေဂျာတွေက ထန်းယွီဒုက္ခပေးမှာကြောက်၍ အလိုလို လက်လွှတ်လိုက်ကြမှာပင်။ထို့ကြောင့် ယင်းနျန်က လက်ဦးမှုယူပြီး သူ ရှီးယွီမှာ ဝင်ချင်တယ်ဆိုတဲ့အကြောင်း ကျိချင်းကျိုးကနေတစ်ဆင့် သတင်းပါးလိုက်တာဖြစ်သည်။စိတ်ချနိုင်သော အေးဂျင့်တစ်ယောက်ရဲ့ အကူအညီကို ရရန် ကျိုးချန်ဖုန်းတစ်ယောက် ဒီသတင်းကို တစ်ခြားအေးဂျင့်တွေဆီ ပြောပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့လည်းဖြစ်သည်။

ဒါကတကယ်တော့ ဒုက္ခများတဲ့ ကိစ္စတစ်ခုမဟုတ်ပေ။ယင်းနျန်ရဲ့လက်ရှိဖြစ်တည်မှုနဲ့ဆိုစာချုပ်ဖျက်သိမ်းပြီး ကုမ္ပဏီအသစ်တစ်ခုမှာလက်မှတ်ထိုးရတာက အရမ်းရိုးရှင်းတဲ့ကိစ္စလေးပင်။ထန်းယွီရဲ့အင်အားကြောင့်သာ ဒုက္ခများလွန်းနေတာဖြစ်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now