Part-(5)

28 3 2
                                    

(Unicode)

ခွန်းရိပ်မြူလက်ကိုမလွှတ်တမ်းတွဲထားရင်း ဆိုင်ထားကထွက်လာခဲ့သည်။ဇော်ဇော့် ကားသော့ကိုပါတစ်ပါထဲဆွဲလာခြင်းဖြစ်သည်။

ကားပေါ်ရောက်သည်အထိဘာမှအပြောမခံ။ထိုနေရာမှ အရှိန်ကုန်တင်မောင်းကာ ဦးတည့်ရာကို ကောင်းဦးထည်မောင်းနှင်ခဲ့သည်။

"ပြသာနာကိုရှောင်လာတာဘဲ ကောင်းဦးထည်....မင်းသတ္တိနည်းတာလား...."

"အဲ့တော့ ကျွန်တော်ကို ခင်ဗျားကိုထားခဲ့ရမှာလား...."

"မေးနေစရာတောင်လိုသေးလို့လား....ငါမင်းဆီက အကာအကွယ်မလိုဘူးနော် ကောင်းဦးထည်....ဟင့်အင်း ဒါက အဓိပ္ပာယ်ကိုမရှိတာ...."

"ဆောက အဆုံးထိကိုသွားမှာ....သူ့ဒေါသဒီလောက်နဲ့မပြီးဘူး....ပြီးတော့ ဒါက အန္တရယ်များတယ် ခွန်းရိပ်မြူရ....သူနဲ့ပြိုင်ပြီး မမိုက်ချင်ပါနဲ့...."

"အဲ့ဒါထက် ငါကမင်းကိုအရင်ပြောရမှာ ကောင်းဦးထည်....မင်းဘယ်လိုလူနဲ့သူငယ်ချင်းဖြစ်တာလဲ...."

"ဆောက အဲ့လို ရုပ်မာတဲ့သူမဟုတ်ပေမယ့်-"

"တော်တော့....ကားကိုရပ်တော့ ကောင်းဦးထည်....အခုချက်ချင်းရပ်...."

ကောင်းပိုလို့ကားကိုအရှိန်တင်လိုက်မိပါသည်။ပူထူနေသည်မို့လို့ သူ့ကိုယ် သူလဲဘာတွေလုပ်မိနေမှန်းမသိပါ။ဆောကြောင့်ရလိုက်ရသော ဒဏ်ရာထပ် ဆောကြောင့်ခွန်းရိပ်မြူရသောမည့် ဒဏ်ရာကိုမှပိုလို့စိတ်ပူမိနေပါသည်။သို့ပေမယ့် ဒါဟာဖြစ်သင့်သည့်အရာတော့ဟုတ်မနေပါ။

"ရပ်တော့လို့ငါမင်းကိုပြောနေတယ်လေ ကောင်းဦးထည်...."

လူရှင်းသည့်တစ်နေရာတွင် ကားကို ပလက်ဖောင်းဘေးထိုးရပ်လိုက်ကာ တံခါးlockမဖြည်ပေးသေးပါ။ဆိုင်ကိုပြန်သွားမှာဘဲ စိုးရိမ်တာလား ဆောနဲ့ဘဲ ရန်ဖြစ်မှာကိုကြောက်တာလား ကောင်းမသိတော့။သေချာတာတော့ မရှိသင့်၊ဝင်မလာသင့်သော ရှုပ်ထွေးလှသည့်personal feelingတွေပါဝင်နေပြီဖြစ်သည်။

"ဆိုင်ကိုမပြန်နဲ့လား ခွန်းရိပ်မြူ...."

"ငါအစကတည်းကပြောပြီးသား ကောင်းဦးထည်....ငါမင်းကို ဆောကုဋေရန်ကြောင့်စိတ်အနှောက်အယှက်ပေးမှာမဟုတ်လို့ မင်းလဲဆင်ခြင်ပါလို့...."

Mg's Obsession Where stories live. Discover now