81.1

11.9K 2K 31
                                    

Unicode

နောက်နေ့မနက်တွင်—

ရှီယွင်နန် သူ့သူငယ်ချင်း ယွမ်ရွေ့၏ အခြေအနေကို သိရန် ဖုန်းဆက်မေးလိုက်ပြီးနောက် သူ၏ နဂို အစီအစဉ်အတိုင်း ကြွေထည်စက်ရုံနှင့် ပူးပေါင်းဆောင်ရွက်ရန် သယ်ဟွာဒေသသို့ တစ်ယောက်တည်း ထွက်သွားလိုက်သည်။

လော့လင်းရှန်းကတော့ သူ့ခြေထောက်တွေကြောင့်၊ ဘာပြဿနာမျိုးမှ မဖြစ်စေရန် သူ့ချစ်သူစကားလေးအတိုင်း ရွှေငါးလေးနှင့် အတူဟိုတယ်မှာ ကျန်နေခဲ့လိုက်လေသည်။

ချင်ကျန်းအခန်းထဲဝင်လာသည့်အခါ ရွှေငါးလေးက စောင်အောက်တွင် ကွေးကွေးလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေ၏။

လော့လင်းရှန်းက စကားသံကြောင့် သူ့တူလေး အိပ်ရေးပျက်သွားမှာကိုစိုးကာ ချင်ကျန်းအား မျက်ရိပ်မျက်ခြေဖြင့် ဝရံတာသို့ လာခိုင်းလိုက်သည်။

"ယွမ်မုန်တို့ မိသားစု ဘယ်လိုဖြစ်သွားပြီလဲ?"

"မစ္စတာရှီက သက်သေအနေနဲ့ ဗွီဒီယို ပို့ပေးထားပါတယ်။ ယွမ်မုန်ကလည်း မနက်က ရဲတွေကို ရွာခေါ်သွားပြီး မနေ့ကလုတဲ့ တခြားကလေးတွေရဲ့ မိဘတွေကို သက်သေထွက်ဆိုခိုင်းပါတယ်။"

အစကတော့ ဒီကိစ္စမှာ ကလေးများအကြား အငြင်းပွါးမှုတစ်ခုမျှသာဖြစ်၏။ သို့သော် လုယက်ရန်ကြိုးစားမှုလို့ ခေါင်းစဉ်တပ်လိုက်ပါက ပြစ်ဒဏ်ချခံရနိုင်လေသည်။

ပိုပြင်းထန်သည့် ပြစ်ဒဏ်သာဖြစ်ပါက၊ ယွမ်ခယ့်ဝမ်၏အုပ်ထိန်းသူအဖြစ် ချန်ဖန်းတစ်ယောက် ဝေဖန် ဆုံးမခံရပြီး၊ ခေတ္တထိန်းသိမ်းခံထားရနိုင်သည်။

လော့လင်းရှန်း မျက်လုံးများကတော့ ကျေနပ်သည့် အရိပ်အယောင်မပြ၊ သူက ဆက်မေးလာသည်။ "ချန်ဖင်းကော? အမှုအထောက်အထားအတွက် ငါ့ဒဏ်ရာဆေးစစ်ချက်တွေကော လိုသေးလား?"

"ခေါင်းဆောင် အဲ့လိုလုပ်စရာမလိုပါဘူး။" ချင်ကျန်းက အမှန်အတိုင်း တင်ပြလိုက်သည်။ "ယွမ်မုန်က ခေါင်းဆောင်ကို ဒုက္ခမပေးချင်ဘူးလေ။ အဲ့ဒါကြောင့် သူက ချန်ဖင်းကို တရားစွဲဖို့ တခြားအမှုတွေ ရှာထားတယ်"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now