Part - 1

83K 1.8K 64
                                    

Unicode

"လေယာဉ်ဆင်းသက်တော့မှာဖြစ်သည့်အတွက် ကျေးဇူးပြုပြီး ထိုင်ခုံခါးပတ်များ
ပတ်ထားပေးကျပါရှင့်... "

လေယာဉ်မယ်လေးသတိပေးလိုက်တော့မှ
နားကြပ်ကိုဖြုတ်လိုက်မိသည်။တပ်ထားတဲ့
sleep maskကိုပါချွတ်၍ ပြတင်းပေါက်ကို လှည့်ကြည့်ကာ နှုတ်ခမ်းပါးတစ်စုံက
လှပစွာကွေးညွှတ်သွား၏။

ထပ်ပြီးတော့ ဒီနေရာကိုပြန်လာရပြန်ပြီတဲ့လား။ ဝေဒနာတချို့ကြောင့် မျက်နှာလေးက တည်တင်းသွားပြန်သည်။

"ဂရေ့စ်... အိမ်ကိုတစ်ခါထဲလိုက်လာမလား"

ပြတင်းပေါက်ကိုကြည့်ရင်း မေးလာတဲ့ လေသံခပ်တိုးတိုးက တစ်ကိုယ်တည်းရေရွတ်နေသည့်ဟန်...

"ဟင့်အင်း အစ်မအိမ်ကိုခဏပြန်ရအုံးမယ်။ timtableပြန်ဆွဲဖို့လည်း အေဂျင်စီနဲ့ စီစဉ်ရအုံးမယ်ဆိုတော့ ... အင်း မနက်ဖြန်လောက်မှပဲ ပြောင်းခဲ့တော့မယ်လေ"

"ok "

မန်နေဂျာကို ထိုမျှသာပြော၍ ခပ်ကြီးကြီးမျက်မှန်အနက်ရောင်ကို ကောက်တပ်လိုက်၏။

မကြာခင်ကာလမှာပဲ မြန်မာပြည်ကို ခြေချရတော့မည်။ တုန်ရီနေတဲ့ဝဲဘက်ရင်အုံက စိတ်လှုပ်ရှားလို့ပဲလား...ဒါမှမဟုတ် ရင်ခုန်သံတွေလား မသဲကွဲပါ ။ ရင်ခုန်တယ်ဆိုရင်ရော ဘယ်သူ့အတွက် ရင်ခုန်တာလဲ။

စိတ်လှုပ်ရှားတယ်ဆိုတာကတော့
သူမဟာ လန်ဒန်အခြေစိုက် D.G အေဂျင်စီမှာ အောင်မြင်မှုတွေတရှိန်ထိုးရနေတဲ့ တတ်သစ်စအဆိုတော်တစ်ယောက်ဖြစ်တာမို့ ။ သူမရဲ့အောင်မြင်မှုဟာ ဇာတိမြေမြန်မာပြည်မှာ ရိုက်ခတ်မှုရှိတယ်ဆိုပေမဲ့ သူမပြန်လာခဲ့တဲ့ အကြောင်း မီဒီယာတွေကိုအသိမပေးခဲ့သည်မို့ မြန်မာပြည်ကFanတွေ သိစရာအကြောင်းတော့
မရှိဘူးထင်သည်။ဒါကို ဘာတွေစိတ်ပူနေပါသလဲ။

:::::::::::::::

ထွက်လာတဲ့လူတိုင်းကိုသေသေချာချာကြည့်
နေပေမဲ့ သူတို့မျှော်နေတဲ့သူဟာ ထွက်မလာသေးတာမို့ 'ဂုဏ်နဂါး' နှင့် ' မင်းသန့်ပြုံးမောင်'တို့ ချွေးပြန်နေ၏။

ဒီကလေးမလေးနဲ့မတွေ့ရပဲ အိမ်ပြန်လို့မရဘူးသည်မို့ မင်းသန့်ပြုံးမောင်က ခါးထောက်ကာ...

HUSBAND:DaddyWhere stories live. Discover now