Ch 206 to 210

323 31 0
                                    


Chapter 206 - ဒုတိယတပ်မှူးချုပ်ရဲ့ ပြိုင်ဖက်ကင်း အသွင်ကို ကြည့်လိုက်စမ်း

စစ်သူကြီးဘတာအိုက ယန်ချီကို ကြည့်လိုက်ပါတယ်။

ခန်းမထဲက သိုင်းအရှင်သခင်တွေကလည်း ယန်ချီကို ကြည့်လိုက်ပြီး ယန်ချီ ဘယ်လို ပြန်ဖြေမလဲဆိုတာကို သိချင်နေခဲ့ပါတယ်။

“ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းက လင်မြို့ကနတ်ဆိုးမိစ္ဆာတွေကို ကျွန်တော် သတ်ပစ်လိုက်တယ်။ အခု ပေါ်လာတဲ့ နတ်ဆိုးမိစ္ဆာတွေက လင်မြို့ကို ပြန်သိမ်းပိုက်ဖို့ ရောက်လာတာ။ နှင်းလွင်ပြင်နတ်ဆိုးနယ်မြေက လှုပ်ရှားမလာသေးပါဘူး”

ယန်ချီက ခန်းမကြီးထဲက လူတွေအားလုံးကို စူးစိုက်ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။

စစ်သူကြီးဘတာအိုနဲ့ သိုင်းအရှင်သခင်တွေအားလုံးက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းကိုယ်စီ ချလိုက်ကြပါတယ်။ နောက်ဆုံးတော့ ပူပန်နေတဲ့ သူတို့ရဲ့ စိတ်တွေလည်း အေးချမ်းသွားခဲ့ရပါတယ်။

“လင်းအာ သမီး ဒီမှာ ဘာလာလုပ်တာလဲ”

ရုတ်တရက် စစ်သူကြီးဘတာအိုရဲ့ အကြည့်တွေက ယန်ချီဘေးက ဝမ်လင်းဆီကို ရောက်လာခဲ့ပါတယ်။

“အဖိုး ..  သမီး. . .”

ဝမ်လင်းက ဘာပြန်ဖြေရမလဲ တကယ် မသိခဲ့ပါဘူး။

“အဖိုးလား .. .”

ယန်ချီလည်း တိတ်တဆိတ် အံ့အားသင့်နေခဲ့ပါတယ်။

ဝမ်လင်းမှာ နောက်ခံအချို့ရှိနိုင်တယ်လို့ သူက ခန့်မှန်းမိပေမယ့် ဝမ်လင်းက စစ်သူကြီးဘတာအိုရဲ့ မြေးမလေး ဖြစ်နေမယ်လို့ သူ မမျှော်လင့်ခဲ့မိပါဘူး။

“ဟမ့်. .  သမီးက ယန်ချီကို သိတာလား”

စစ်သူကြီးဘတာအိုက  ရုတ်တရက် တစ်ခုခုကို နားလည်လိုက်ပါတယ်။

“ကျွန်တော်တို့တွေ တစ်ယောက်ကို တစ်ယောက်သိနေကြပါတယ်။ ပြီးတော့ ဝမ်လင်းရဲ့ ပါရမီက သိပ်မဆိုးပါဘူး”

ယန်ချီလည်း ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။

သူက ဝမ်လင်းကို လေ့ကျင့်ပေးဖို့ စစ်သူကြီးဘတာအိုကို အစောပိုင်းမှာ ပြောချင်ခဲ့ပါတယ်။ ဒါပေမယ့်အခုတော့ ဝမ်လင်းက စစ်သူကြီး ဘတာအိုရဲ့ မြေးမလေးဖြစ်နေပြီဆိုတော့ သူ ဘာမှပြောစရာ မလိုပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now