Ch 216 to 220

267 34 0
                                    


Chapter 216

“အင်ပါယာက ဘာကြောင့် ဒီလိုမျိုးပြောတာလဲ”

ဒီလို ပြောလိုက်ခြင်းအားဖြင့် အကျိုးကျေးဇူးနှစ်ခု ရရှိမှာ ဖြစ်ပါတယ်။

တစ်ခုကတော့ ပထမခံစစ်မြို့တော်တံတိုင်းမှာ ရှိတဲ့ စစ်သည်တွေ သိုင်းပညာရှင်တွေရဲ့ ကျနေတဲ့ စိတ်ဓါတ်ကို ဆွဲတင်ပေးနိုင်ပြီး ကျန်တစ်ခုကတော့ နတ်ဆိုးမိစ္ဆာတွေကို တွန့်ဆုတ်စေပါတယ်။

တကယ်ပါပဲ။

အင်ပါယာ ပြောလိုက်တဲ့ စကားကို ကြားလိုက်တဲ့အခါ ပထမခံစစ်မြို့တော် တံတိုင်းက စစ်သည်တွေနဲ့ သိုင်းပညာရှင်တွေအားလုံး အံ့အားသင့်သွားခဲ့ပါတယ်။

“စစ်သူကြီး ယန်ချီက ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်ကို ဖြတ်ကျော်နေတာလား . . .. ”

သူတို့တွေ အားလုံးက စစ်သူကြီး ယန်ချီကို အဆင့်မြင့် ရှေးဦးဆရာအဆင့်မှန်း သိပါတယ်။

“ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့် ဆိုတာက. . . .”

“သူက အင်ပါယာနဲ့ အဆင့်တူဖြစ်တဲ့ မူလဘိုးဘေးဆရာအဆင့်ကို ဖြတ်ကျော်နေတာ ဖြစ်နိုင်လား. . . .”

ဒါပေမယ့်လည်း အင်ပါယာဟီယီက မူလဘိုးဘေးဆရာအဆင့်ဆိုတော့ ဖြစ်နိုင်တာက. . . .“”

ချက်ချင်းပဲ ပထမခံစစ်တံတိုင်းမှာ ရှိတဲ့ သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေက ကြောက်မက်ဖွယ်ဖြစ်နိုင်တာ တစ်ခုကို တွေးမိလိုက်ပါတယ်။

အဲ့ဒါကတော့ စစ်သူကြီး ယန်ချီက အဆင့်မြင့် ရှေးဦးဆရာအဆင့် မဟုတ်ပဲ သူက ဘိုးဘေးဆရာတစ်ယောက်လား။ သူက သူ့ရဲ့ အဆင့်ကို ကွယ်ဝှက်ထားတာလား. . . ။

နှင်းနယ်မြေနတ်ဆိုးအရှင်လည်း အင်ပါယာ ဟီယီရဲ့ စကားတွေကိုကြားပြီးနောက်မှာ အံ့အားသင့်သွားခဲ့ပါတယ်။

“ယန်ချီ. . . .”

ဒီနာမည်က သူတို့တွေ တခါမှ မကြားဖူးတဲ့ နာမည်တစ်ခု ဖြစ်ပါတယ်။

“ဟီယီ ဟိတ်ဟန်လာမထုတ်နဲ့ ။ ယန်ချီဆိုတဲ့ နာမည်ကို ကြားတောင် မကြားဖူးဘူး”

နှင်းနယ်မြေနတ်ဆိုးအရှင်က အင်ပါယာ ဟီယီကို စူးစိုက်ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now