Ch 231 to 235

268 30 0
                                    


Chapter 231- မူလနတ်ဆိုးအရှင်လေး

ဟန်ချန်က မြို့ကြီးတစ်မြို့ပါ။

ယန်ချီက ဟန်ချန်ကို ရောက်တဲ့အခါ လမ်းမတွေပေါ်မှာ လူတစ်ယောက်မှ မရှိတာကို တွေ့လိုက်ရတယ်။

အိမ်တွေမှာလည်း လူများစွာ ရှိမနေပဲ သူတို့ရဲ့ မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုတွေကို မြင်တွေ့နိုင်ပါတယ်။

ဒီလူတွေက ဟန်ချန်မြို့ကို နတ်ဆိုးမိစ္ဆာတွေ လာတိုက်ခိုက်စဉ်ကတည်းက ကြောက်သင့်တယ်လို့ သူ တွေးနေခဲ့တယ်။

သူက မြို့ထဲမှာ ထပ်မနေပဲ ဟန်ချန်မြို့ တံတိုင်းဆီကို ထွက်လာခဲ့တယ်။

ဟန်ချန်မြို့ တံတိုင်းကို ရောက်တော့ သိုင်းပညာရှင်တွေနဲ့ စစ်သားတွေက အသင့်အနေအထားဖြစ်နေတာကို မြင်လိုက်ရပါတယ်။

အဲ့ဒါနဲ့ သူက တံတိုင်းပေါ်ကို တက်သွားခဲ့တယ်။

တံတိုင်းပေါ်က သိုင်းပညာရှင်တွေနဲ့ စစ်သားတွေရဲ့ မျက်နှာထက်မှာတော့ တည်ငြိမ်တဲ့အမူအယာတွေ ရှိနေခဲ့ပြီး အခြေအနေက လေပြေညင်းလို ငြိမ်သက်နေတော့ စစ်ပွဲမလာခင် ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေတစ်ခုနဲ့တူနေခဲ့တယ်။

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူ့နဲ့ ဆယ်မီတာအဝေးမှာ ရှိနေတဲ့ သိုင်းအရှင်သခင်တွေကို တွေ့လိုက်တယ်။

သူက အဲ့ဒီလူတွေကို ဟန်ချန်မြို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဖြစ်မယ်လို့ တွေးလိုက်တယ်။

ဟန်ချန်မြို့အပြင်မှာ နတ်ဆိုးမိစ္ဆာတွေ ရောက်တယ်လို့ ကြားတော့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေလည်း ထိုင်မနေနိုင်တာကို သိတော့ ယန်ချီလည်း ဟန်ချန်အုပ်ချုပ်ရေးအဖွဲ့ဆီကို သွားမနေတော့ပဲ မြို့တံတိုင်းဆီကို ဦးတည်ထွက်လာခဲ့ခြင်းပါ။

ချက်ချင်းပင် ယန်ချီက သူတို့ဆီကို လျှောက်သွားခဲ့တယ်။

“မင်းတို့တွေက ဟန်ချန်မြို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေလား”

သူတို့ဘေးကို ရောက်တဲ့အခါ ယန်ချီက မေးလိုက်တယ်။

သိုင်းအရှင်သခင်နဲ့ ဆရာသခင်များစွာက ယန်ချီရဲ့ အသံကို ကြားတဲ့အခါ လှည့်ကြည့်လိုက်ပြီး ယန်ချီကို မြင်တော့ အံ့အားသင့်သွားခဲ့တယ်။ သူတို့ထဲက ဘယ်သူမှ ယန်ချီကို မသိတာ ထင်ရှားနေပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now