Ch 241 to 245

269 29 0
                                    


Chapter 241 - သိုင်းပညာရှင်နဲ့ စစ်သားများ အင်ပါယာ မြို့တော်ဆီ ချီတက်ခြင်း

သိပ်မကြာမီမှာပဲ ယန်ချီက နောက်ဆုံးကျန်တဲ့ အလယ်အလတ်နတ်ဆိုးအရှင်လေးနှစ်ယောက်ကို ရှာဖွေ့တွေ့လိုက်ပါပြီ။

သိုင်းပညာရှင်များစွာနဲ့ စစ်သားတွေများစွာက ဒီ အလယ်အလတ်နတ်ဆိုးအရှင်လေးနှစ်ယောက်ရဲ့ လက်ချက်ကြောင့် များစွာ ကျရှုံးခဲ့ရတယ်။

“ဂါး ဂါး. . ”

အလယ်အလတ်နတ်ဆိုးနှစ်ယောက်က လူသားတွေကို အထင်သေးစွာနဲ့ နှာခေါင်းရှုံ့ပြီး အော်ဟစ်လိုက်ကြတယ်။

ဒါပေမယ့်လည်း . .. ။

သူတို့တွေ ရယ်တာ နှစ်စက္ကန့်တောင် မကြာပါဘူး။ ယန်ချီက သူတို့အရှေ့ကို ရောက်လာတာကို မြင်လိုက်ကြတယ်။

လူသားတွေကို အထင်သေးစွာ နှာခေါင်းရှုံ့ပြီး လှောင်ပြောင်နေတဲ့ အလယ်အလတ်နတ်ဆိုး အရှင်လေးနှစ်ယောက် ရုတ်တရက် ရပ်တန့်သွားရပါတော့တယ်။

သူတို့တွေက ယန်ချီကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်လိုက်ပြီး . .. ။

“လူသား အင်ပါယာ မင်း .. . .”

အလယ်အလတ်နတ်ဆုိးအရှင်လေးနှစ်ယောက်က သူတို့စကားတွေကို ဆုံးအောင် ပြောမယ့် အခွင့်အရေး မရှိတော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ ယန်ချီက သူတို့နှစ်ယောက်ကို အဆုံးသတ်ပေးလိုက်တာကြောင့်ပါ။

အဲ့ဒီအချိန်မှာ ယန်ချီက လက်ထဲမှာ နတ်ဆိုးပိုင်းဖြတ်သူဓါးကိုင်ပြီး သူတို့ဆီကို တစ်လှမ်းချင်း လှမ်းတာကို မြင်တဲ့အခါ  အလယ်အလတ်နတ်ဆိုးအရှင်လေးနှစ်ယောက်က အလွန်တရာကို ကြောက်လန့်နေကြရပါတယ်။

“ဟွမ်း ”

ကြောက်မက်ဖွယ်ဓါးအလင်းတစ်ခုက ဖျတ်ခနဲ့ လက်သွားခဲ့ပါတယ်။

အဲ့ဒီနောက်တော့ အလယ်အလတ်နတ်ဆိုးအရှင်လေး နှစ်ယောက်က ပြူးကျယ်နေတဲ့ မျက်လုံးအစုံနဲ့ သူတို့ခန္ဓာကိုယ်ကို တစ်ချက် ပြန်ကြည့်လိုက်ကြပါတယ်။

ချက်ချင်းပင် သူတို့ခန္ဓာကိုယ်တွေက အလယ်က နေ နှစ်ပိုင်း ပြတ်သွားခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now