Ch 246 to 250

257 31 0
                                    


Chapter 246 - အထူးရတနာ သေတ္တာရရှိခြင်း

နတ်ဆိုးပိုင်းဖြတ်သူဓါးကို လက်ထဲမှာ ကိုင်ထားတဲ့ ယန်ချီက မိုးကြိုးအလားလျင်မြန်စွာနဲ့ ပြေးဝင်သွားခဲ့ပြီး နှင်းနယ်မြေနတ်ဆိုးအရှင်ရဲ့ ကြီးမားလှတဲ့ခန္ဓာကိုယ်ကို တခါတည်း ထွင်းဖောက်သွားခဲ့တယ်။

အဲ့ဒါကြောင့် နှင်းနယ်မြေနတ်ဆိုးအရှင်ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးမှာ အပေါက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့တယ်။

အနက်ရောင်သွေးတွေကလည်း အဲ့ဒီအပေါက်ကနေ ထွက်လာတယ်။

နှင်းနယ်မြေနတ်ဆိုးအရှင်ရဲ့ ခန္ဓာကိုယ်က ကျောက်ရုပ်တစ်ခုအလား တုန့်ဆိုင်းနေခဲ့တယ်။

ဒီအချိန်မှာတော့ ယန်ချီက နှင်းနယ်မြေနတ်ဆိုးအရှင်ရဲ့ နောက်ကျောကို ရောက်သွားခဲ့ပါပြီ။ သူက လက်ထဲက နတ်ဆိုးပိုင်းဖြတ်သူဓါးကို နောက်ကျောမှာ ရှိတဲ့ ဓါးအိမ်ထဲ ပြန်ထည့်လိုက်တယ်။

“လူသား မင်း တကယ် . .. .”

နှင်းနယ်မြေနတ်ဆိုးအရှင်ရဲ့ ပြောစကား မဆုံးခင်မှာပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးက မရေမတွက်နိုင်တဲ့ ဓါးအလင်းတွေနဲ့ ဖုံးလွှမ်းသွားခြင်းခံလိုက်ရတယ်။

“ဟွမ်း . .  ဟွမ်း. . ”

“အား. . . ”

နှင်းနယ်မြေနတ်ဆိုးအရှင်က ကောင်းကင်တုန်လောက်တဲ့အထိ ခြောက်ခြားဖွယ်အော်သံကြီးအော်ဟစ်လိုက်ပြီး ဒီအသံက တကယ်ကို တုန်ယင်နေခဲ့တယ်။

ဒါပေမယ့်လည်း ယန်ချီရဲ့ မျက်နှာထက်မှာတော့ လှောင်ပြောင်မှုသာ ရှိနေခဲ့ပါတယ်။

နှင်းနယ်မြေနတ်ဆိုးအရှင်က မရေမတွက်နိုင်တဲ့ ဓါးအလင်းတွေရဲ့ ပိုင်းဖြတ်မှုကြောင့် သေဆုံးသွားခဲ့တာက အလွန်ကြောက်မက်ဖွယ်ကောင်းနေတာကြောင့် မည်သူမှ တိုက်ရိုက်မကြည့်ရဲကြပါဘူး။

ယန်ချီက နှင်းနယ်မြေနတ်ဆိုးအရှင်ရဲ့ ခန္ဓာကိုယ်ဆီကို လျှောက်သွားခဲ့တယ်။

သူ့လက်ကတော့ နောက်ကျောမှာ လွယ်ထားတဲ့ ဓါးလက်ကိုင်ပေါ်တင်ထားတာပါ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now