Ch 251 to 255

249 27 0
                                    


Chapter 251 - မင်းတို့တွေ ဒါကို ဘယ်လို ထင်လဲ

အင်ပါယာ ကျောင်းတော်က ကျောင်းသားတွေထဲမှာ ဟီရွှယ်၊ စုရွှင်းအာ၊ နဲ့ အင်ပါယာကျောင်းတော်က ပါရမီရှင် လူငယ် တွေ မိန်းကလေးတွေ ပါဝင်ကြတယ်။

သူတို့တွေက သွေးလင်းယုန်လူမိုက်အဖွဲ့က လူရာချီက ဝိုင်းရံထားခဲ့တယ်။

ဟီရွှယ်က အလယ်အလတ် သိုင်းဆရာအဆင့် တစ်ယောက်ဖြစ်ပြီး စုရွှင်းအာက မူလသိုင်းဆရာအဆင့် ရှိကြတယ်။ သူမက စိတ်ဝိဉာဉ်ခန္ဓာကိုယ် ရှိပေမယ့် သူမရဲ့ အစွမ်းကုန်ထုတ်နိုင်တာ အလယ်အလတ်သိုင်းဆရာအဆင့်ပဲ ရှိနေခဲ့တယ်။

ဒါပေမယ့်. . .။

သူမတို့တွေက ဒီလူတွေအတွက် ပြိုင်ဖက်မဖြစ်နိုင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ သွေးလင်းယုန်လူမိုက်အဖွဲ့က လူရာချီထဲမှာ မူလဆရာသခင်တစ်ဦးရှိနေတာကြောင့်ပါ။

“ငါတို့တွေက ဘယ်သူတွေထဲဆိုတာ မင်းတို့ မသိကြဘူးလား”

ဟီရွှယ်က သူ့အရှေ့က မူလသိုင်းဆရာအဆင့်ကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။

အဲ့ဒီဆရာသခင်အဆင့်က သက်လတ်ပိုင်းလောက်ရှိပြီး မျက်နှာမှာ အမာရွတ်အရှည်ကြီး ရှိကာ အမူအယာက တင်းမာခက်ထန်နေခဲ့တယ်။

သူ့ရဲ့ အကြည့်က ကြောက်စရာ ကောင်းနေခဲ့တယ်။

မူလဆရာသခင်အဆင့်က အေးစက်စက်ပြုံးလိုက်တယ်။

“ဒီနေရာက နယ်မြေကြမ်းတစ်ခုပဲ။ မင်းတို့ ဘယ်သူဆိုတာကို ငါက ဂရုစိုက်ရဦးမှာလဲ”

သွေးလင်းယုန်လူမိုက်အဖွဲ့က လူရာချီကလည်း ရယ်မောလိုက်ကြတယ်။

ဟီရွှယ်လည်း အံကို တင်းတင်းကြိတ်ထားလိုက်တယ်။

သူမက သူမအရှေ့မှာ ရှိနေတဲ့ ဒီလူတွေနဲ့ တိုက်ခိုက်ချင်ပေမယ့် ဒီလူတွေကို သတ်ဖြတ်နိုင်ပြီး ပြန်မထွက်နိုင်တာကို သိနေတယ်လေ။

“ငဆိုးလေးတွေက အခုတော့ အခြားသူတွေကို ဝိုင်းရံပြီး ခြိမ်းခြောက်နေတာလား”

ရုတ်တရက် အနည်းငယ်ပျင်းရိတဲ့ အသံတစ်ခုကို လူတိုင်းကြားလိုက်ရတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now