Ch 261 to 265

267 31 0
                                    


Chapter 261 - မအံ့သြသွားကြနဲ့

ဘိုးဘေးဆရာအဆင့်တွေက ယန်ချီကို အရူးတစ်ယောက်လို ကြည့်နေခဲ့ကြတယ်။

“ဒါက အံ့အားသင့်စရာ မဟုတ်ဘူးလား”

အသက်နှစ်ဆယ်လောက်တဲ့ ရှိတဲ့ လူငယ်လေးတစ်ယောက်က အလယ်အလတ်ဘိုးဘေးဆရာအဆင့် ဖြစ်တာက ဒီလောက က လူတိုင်း အံ့အားသင့်စေဖို့ လုံလောက်တယ်မဟုတ်ဘူးလား။

ဒါပေမယ့်. . . ဘိုးဘေးဆရာအဆင့် တွေရဲ့ စိတ်ထဲမှာတော့ ယန်ချီက တကယ်ကို အသက်နှစ်ဆယ်ပဲ ရှိသေးတာလားဆိုကာ တွေးနေခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ဒီလောက က အလွန်ကြီးမားပြီး သိုင်းပညာကလည်း အမျိုးမျိုးရှိကြတယ်။ ပြန်လည်နုပျိုစေနိုင်တဲ့ သိုင်းပညာ မရှိဘူးလို့ သူတို့တွေ မပြောနိုင်ပါဘူး။

အချိန်တိုအတွင်း ယန်ချီက ဒီအသက်အရွယ်နဲ့ အလယ်အလတ်ဘိုးဘေးဆရာအဆင့်ရောက်ဖို့ ကျင့်ကြံဖို့က ဒီလောက်မရိုးရှင်းဘူးလို့ သူတို့တွေ ခံစားမိကြတယ်။

“အင်ပါယာ ယန်ချီ မင်း အသက်က ဘယ်လောက်ရှိပြီလဲ”

မူလဘိုးဘေးဆရာအဆင့် တစ်ယောက်က ယန်ချီကို မေးလိုက်ပြန်တယ်။ ယန်ချီရဲ့ အသက်က သူတို့ထင်သလို မရိုးရှင်းဘူးလို့ ယုံကြည်ခဲ့ကြတယ်။

အားလုံးသော ဘိုးဘေးဆရာအဆင့်တွေလည်း ယန်ချီရဲ့ အသက်ကိုသိချင်တာကြောင့် ယန်ချီကို ကြည့်နေခဲ့ကြတယ်။

ယန်ချီဘေးမှာ ရှိနေတဲ့ ကောင်းကင်ဘုံကြယ်အင်ပါယာ ရှဂျူယောင်လည်း ဒီလို အတွေးမျိုး ရှိနေခဲ့တယ်။

“နှစ်ဆယ့် တစ်နီးပါး ရှိပါပြီ”

ယန်ချီက မေးလိုက်တဲ့ မူလဘိုးဘေးဆရာသခင်ကို ကြည့်ပြီး ဖြေလိုက်တယ်။

“နှစ်ဆယ့်တစ် ပဲ ရှိသေးတာလား”

ဘိုးဘေးဆရာအဆင့်တွေက စဉ်းစားမရ ဖြစ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။

“ဒါဆို သူက အသက် နှစ်ဆယ့် တစ်နှစ်ပဲ ရှိသေးတာပေါ့”

“သူက ပြန်လည်နုပျိုတဲ့ ကျင့်စဉ်ကို ကျင့်ကြံထားတာ မဟုတ်ဘူးလား”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now