Ch 281 to 285

243 26 0
                                    


Chapter 281 - နတ်ဆိုးမိစ္ဆာတွေနဲ့ ပင်လယ်သားရဲတွေ ယာယီ ပြန်ဆုတ်သွားခြင်း

“ဟေး. . . ”

ဝမ်းသာအားရ အော်ဟစ်သံတွေက အလယ် ခံစစ်တံတိုင်းဆီကနေ ထွက်ပေါ်လာခဲ့တယ်။

ချက်ချင်းပင် တစ်စုံတစ်ယောက်က ဒီသတင်းကို မြောက်ဖက်နဲ့ တောင်ဖက်တံတိုင်းမှာ ရှိတဲ့ သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေဆီကို သတင်းပို့လိုက်တယ်။

တောင်ဖက်နဲ့ မြောက်ဖက်တံတိုင်းက သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေက သေတဲ့အထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြတယ်။ ဒါပေမယ့် အခုတော့ နတ်ဆိုးမိစ္ဆာတွေက ပြန်ဆုတ်သွားပါပြီ။

ဒီလို ဖြစ်ရခြင်းက မဟာဧကရာဇ် ယန်ချီရဲ့ နတ်ဆိုးဧကရာဇ်လက်မောင်းကို ဖြတ်တောက်ပစ်လိုက်ခြင်းကြောင့်ပါ။

မဟာဧကရာဇ်ယန်ချီရဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ်ကို ကြောက်ဖို့ ကောင်းနေခဲ့တယ်။

ဝမ်းသာအားရ အော်ဟစ်သံတွေက အဆုံးမသတ် ထွက်ပေါ်နေဆဲပါပဲ။

များစွာသော သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေရဲ့ မျက်လုံးထဲမှာတော့ မျက်ရည်စတွေနဲ့ ပြည့်နှက်နေခဲ့ကြတယ်။

ယောက်ျားအချို့က မျက်ရည်မကျတက်ပေမယ့်လည်း အခုအခြေအနေမှာ ဒီစကားကို သုံးဖို့ မသင့်တော်ပါဘူး။

တောင်ဖက် ခံစစ်တံတိုင်း .. .။

ကြယ်ပျံအရှင်သခင်ကြီးနဲ့ ဘိုးဘေးဆရာတွေအားလုံး နတ်ဆိုးမိစ္ဆာတွေနဲ့ ပင်လယ်သားရဲတွေ ပြန်ဆုတ်သွားတာကို မြင်တော့ သူတို့အားလုံး အလွန်တရာကို စိတ်လှုပ်ရှားသွားကြတယ်။

သူတို့တွေ စိတ်လှုပ်ရှားသွားပြီးနောက် ဘာကြောင့် ဒီလို ဖြစ်မှန်း သိချင်ခဲ့ကြတယ်။

ဘာကြောင့် နတ်ဆိုးမိစ္ဆာတွေနဲ့ ပင်လယ်သားရဲတွေ ပြန်ဆုတ်သွားလဲဆိုတာကို သူတို့တွေ နားမလည်နိုင်ခဲ့ပါဘူး။

သူတို့ရဲ့ အမြင်အရ ဒါက မယုံနိုင်စရာ ကောင်းနေခဲ့တယ်။

“ကြယ်ပျံ အရှင်သခင်ကြီး ကြယ်ပျံ အရှင်သခင်ကြီး”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now