Ch 296 to 300

247 29 2
                                    


Chapter 296 - နောက်ဆုံး အစည်းအဝေး

“ကြယ်သုံးပွင့်အပြာရောင်နဂါးတံဆိပ်ပြား”

ပုံဆိုးပန်းဆိုးလူရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ချွေးတွေ ပြန်သွားခဲ့ရတယ်။

သိပ်မကြာသေးမီတုန်းက လူသားမျိုးနွယ်ထဲက အရှင်သခင်ကြီးကြီး သုံးဦးမှာတစ်ဦးဖြစ်တဲ့ ကြယ်ပျံအရှင်သခင်ကြီးကြီးက မဟာဧကရာဇ် ယန်ချီကို ကြယ်သုံးပွင့်အပြာရောင်နဂါးတံဆိပ်ပေးအပ်ခဲ့တယ်လို့ အမိန့်ထုတ်ပြန်ခဲ့တယ်။

အခု အဲ့ဒီ ကြယ်သုံးပွင့်အပြာရောင်နဂါးတံဆိပ်ပြားက သူ့လက်ထဲ ရောက်နေတာလား“”

ပုံဆိုးပန်းဆိုးလူအနေနဲ့ ဒီအချိန်က သူ့ဘဝမှာ ထိတ်လန့်စရာ အကောင်းဆုံးအချိန်ဆိုတာ ကျိန်ဆိုရဲပါတယ်။

“ဒုန်း”

ပုံဆိုးပန်းဆိုးနဲူ့က ယန်ချီအရှေ့မှာ ရုပ်တရက် ဒူးထောက်လိုက်တယ်။

“ကျွန်တော် တောင်းပန်ပါတယ်။ မဟာဧကရာဇ် ယန်ချီ”

သူက ပြောနေရင်းနဲ့ ယန်ချီကို ဦးညွှတ်နေခဲ့တယ်။

သူ့အနေနဲ့ တုန်ယင်နေမှုကြောင့် ဘယ်လောက်တောင် ကြောက်နေလဲဆိုတာ မြင်သာနေတယ်။

သူ့အရှေ့က လူက မဟာဧကရာဇ် ယန်ချီဖြစ်နေတယ်လေ။

သူက တကယ်ကို မဟာဧကရာဇ် ယန်ချီတစ်ခုက ပစ္စည်းကို ခိုးယူခဲ့တာပဲ။

ဒီတစ်ကြိမ်မှာသာ သူ မသေဆုံးခဲ့ရင် သူ့သူငယ်ချင်းတွေက သူ့ကို အရူးတစ်ယောက်လို ဆက်ဆံကြတော့မှာပါ။

ဒါပေမယ့်လည်း သူက သူ့သူငယ်ချင်းတွေကိုဒီဖြစ်ရပ်က အမှန်တကယ်ဖြစ်ခဲ့တာလို့ ပြောရမှာပါ။

“မင်း ဘာကြောင့် ခိုးယူတာလဲ”

ယန်ချီက သူ့အရှေ့က ပုံဆိုးပန်းဆိုးနဲ့ လူကို ကြည့်လိုက်ပြီး ဒီလူမှာ ခြေတွေ လက်တွေ အကောင်းအတိုင်းရှိနေပါလျက်နဲ့ ဘာကြောင့် မကောင်းမှုတွေ လုပ်နေရတာလဲလို့ တွေးနေခဲ့တယ်။ ဒါမှမဟုတ် အချိန်ပိုင်းအလုပ် လုပ်လဲ အဆင်ပြေပါတယ်။ သူ ဒီလောကကို ဖြတ်သန်းရောက်ရှိပြီးနောက်သုံးလအတွင်းဂျင်းမြို့မှာနေတုန်း မှာ သူ ဒီလိုအလုပ်မျိုး မလုပ်ခဲ့ပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now