Ch 301 to 305

265 31 0
                                    


Chapter 301- အဆင့်မြင့် နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခြင်း

ယန်ချီက သူ့အရှေ့မှာ ရောက်နေတဲ့ အဆင့်မြင့် နတ်ဆိုးဧကရာဇ် ကို အေးတိအေးစက်ကြည့်နေခဲ့တယ်။

အဆင့်မြင့် နတ်ဆိုးဧကရာဇ် ရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့ နတ်ဆိုးအရှိန်အဝါကို ကြည့်ပြီး နတ်ဆိုးရဲ့ တိုက်ခိုက်ရေးစွမ်းအားက သူ့လောက် ရှိလိမ့်မယ်လို့ ယန်ချီ မှန်းဆမိတယ်။

ဒါပေမယ့်လည်း သူ့မှာ တိုက်ခိုက်ရေးစွမ်းအား ဂျင် သန်း ၁၀၀ ရှိတဲ့ အန္တိမခန္ဓာကိုယ်လည်း ရှိပါသေးတယ်။

ဒါကြောင့် သူ့အနေနဲ့ ဒီလို အဆင့်မြင့် နတ်ဆိုးဧကရာဇ် ကို သတ်ဖို့ရာ သိပ်ပြီး မခက်ခဲလောက်ပါဘူး။

စနစ်က သူ့ကို ပြောတဲ့ အထဲမှာ စိတ်ဝိဉာဉ်ကုန်းမြေက ကျင်စဉ်ကျင့်သူတွေက စိတ်ဝိဉာဉ်မျိုးစုံနဲ့ မွေးဖွားလာကြတယ်။

ယန်ချီက ဒီဟင်းလင်းပြင်လှိုဏ်ခေါင်းကြီးထဲ ဝင်ရောက်ပြီး လှိုဏ်ခေါင်းကြီးကို ပိတ်ပစ်လိုက်ရင် သူ မသေဆုံးဖို့ မျှော်လင့်နေမိတယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ သူ့ဇာတ်လမ်းက ပြီးဆုံးသွားမှာပါ။

“အကယ်၍များ ” ယန်ချီက သူ့အရှေ့မှာ ရောက်နေတဲ့ အဆင့်မြင့် နတ်ဆိုးဧကရာဇ်ကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။ “မင်း အနေနဲ့ သေတော့မှာကို ဘာလို့ ဒီလောက်တောင် မောက်မာနေတာလဲ”

“မင်း ဘာပြောလိုက်တာလဲ”

အဆင့်မြင့် နတ်ဆိုးဧကရာဇ် က နားမလည်နိုင်ဖြစ်သွားခဲ့တယ်။ ယန်ချီအနေနဲ့ သူ့ကို ဒီလို စကားမျိုးပြောလိမ့်မယ်လို့ သူ လုံးဝ မမျှော်လင့်ထားမိဘူးလေ။

အဆင့်မြင့် နတ်ဆိုးဧကရာဇ် ရဲ့ အမြင်မှာတော့ သူ့အရှေ့က လူသားကို သတ်ပစ်ဖို့အတွက် တိုက်ကွက်တစ်ကွက်သာ လိုအပ်ကြောင်း မြင်မိတယ်။ သူ့အရှေ့ လူသားက သူ့အပေါ်ကို ဘာကြောင့် ဒီလောက်မောက်မာနေမှန်း သူ နားမလည်ခဲ့ပါဘူး။

“လူသား မင်း သိလား ” အဆင့်မြင့် နတ်ဆိုးဧကရာဇ်ရဲ့ နက်မှောင်နေတဲ့ မျက်နှာက ရှုံ့မဲ့လိုက်ပြီး လက်ထဲက အရိုးဖြူချောင်းကြီးကို ဝှေ့ယမ်းက လေထဲ မြောက်လိုက်ပြီး ပြောလိုက်တယ်။ “ငါ မင်းကို တိုက်ကွက်တစ်ကွက်နဲ့ သတ်နိုင်တယ်”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now