Chapter 33 - Unicode

5.2K 441 12
                                    

ခုနစ်နာရီခွဲလို့ရှစ်နာရီပင်ထိုးတော့မည်ဖြစ်သည်။  မြင့်မြတ်ပိုင်နောင်က အခုထိ ဆေးခန်းကပြန်မလာသေး။ သျှင်မင်းသန့် ညနေစာလည်း မစားရသေးပေ။ ပုံမှန်ဆို မြင့်မြတ်ပိုင်နောင်က ခြောက်နာရီထက်နောက်ကျပြီး မနေတတ်။ အိမ်မှာသူတစ်ယောက်တည်းရှိတာမို့ စိတ်ပူသည်ဟု ပြောကာ မမှောင်ခင်ပြန်လာတတ်စမြဲပင်။ 

ဖုန်းဆက်တော့လည်း မကိုင်တာမို့ သျှင်မင်းသန့်မှာ စိတ်ပူနေရ၏။

"ဟယ်လို ရာဇာ အေး မင်းလူကြီးရှိလား"

ဇေယျာမင်းကို လှမ်းမေးဖို့တွေးလိုက်ကာ သျှင်မင်းသန့် ရာဇာလင်းအား ဖုန်းခေါ်လိုက်၏။ ဇေယျာမင်းနှင့် ရာဇာလင်းသည်လည်း အခု အတူနေနေကြပြီဖြစ်သည်။ သူတို့နှစ်ယောက်သည်လည်း အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်ပင်။ ဇေယျာမင်းသည် သူ့အိမ်က လက်မခံသဖြင့် အိမ်ပေါ်ကဆင်းလာကာ ရာဇာလင်း၏အိမ်တွင်ပဲ နှစ်ယောက်အတူနေကြ၏။ 

ရာဇာလင်း၏အိမ်ကလည်း အစကတော့ သိပ်သဘောကျလှသည်မဟုတ်။ သို့သော် ဇေယျာမင်းသည် လူရည်မွန်တစ်ယောက်ဖြစ်သည်က တစ်ကြောင်း၊ တစ်ဦးတည်းသော သားလေးဖြစ်သည်ကတစ်ကြောင်းမို့ မလွန်ဆန်နိုင်စွာ လိုက်လျောပေးလိုက်ကြတော့၏။

သျှင်မင်းသန့်၏အမေးကြောင့် ရာဇာလင်း အခုမှ ရေချိုးခန်းထဲကထွက်လာသည့် ဇေယျာမင်းအား တစ်ချက် မျက်လုံးလှန်ကြည့်လိုက်သည်။

"အေး ရှိတယ် ဘာလဲ"

"ဦးလေးကြီး အိမ်ပြန်မလာသေးလို့၊ ဖုန်းလည်းခေါ်တာမရလို့"

"အေး ခဏ ငါမေးပေးမယ်"

"ကိုကို ဒေါက်တာ အိမ်ပြန်မလာသေးလို့တဲ့၊ သျှင်မင်းသန့်က ဖုန်းဆက်နေတာ"

ရာဇာလင်း ဖုန်းကို စပီကာဖွင့်လိုက်ကာ ဇေယျာမင်းအား လှမ်းမေးလိုက်၏။ ဇေယျာမင်းလည်း တီရှပ်အင်္ကျီကို ကောက်စွပ်လိုက်ရင်း ရာဇာလင်းအနားရောက်လာခဲ့သည်။

"ဟင် ကိုကိုက ဘေဘီနဲ့အပြင်သွားချင်လို့ ငါးနာရီလောက်ကတည်းက ပြန်လာတာလေ၊ အခုလောက်ဆိုနောက်ကျနေပြီကို Urgent client များရှိလို့လားပဲ"

HONEYWhere stories live. Discover now