"အာ မဟုတ်တာ ပါပဲ "
"နေဦး ..ငါနင့်ကို ပြောစရာရှိတယ် လေပြေ"
"ဘာများလဲ "
"ငါလာမဲ့ စနေနေ့ ညကျ ...သရဲ သွားရှာမလို့ "
ယယ က စာတွေလည်းဖတ်သလို အဲ့လို သဘာဝနဲ့ ဆန်ကျင်တာတွေလည်း သိပ်သဘောကျတယ် ။ဒါပေမဲ့ သူဟာကြောက်လည်း ကြောက်တတ်တယ်လေ ။
" နင်ကတော့ လုပ်ပြန်ပြီ ။ ပြီးရင် နင်ပဲ ၂ ရက်လောက် ညအိပ်ရေးပျက်တာ .. ၊နောက်ပြီးတစ်ခါမှလည်း တွေ့တာ မဟုတ်ဘူး "
"ဒီတစ်ခါ နေရာကနဲနဲကြမ်းတယ်၊ တွေ့လည်း တွေ့လောက်တယ်လို့ ပြောတယ်ဟယ် ။ ဒါကြောင့်လည်း ပါတယ် ငါအရမ်းသိချင်တယ်ဟယ်၊နင် လိုက်ခဲ့ပေး
ယယ ရဲ့ ဒဏ်ကို အခံရဆုံးကတော့ ကျွန်မပါ ။ ကျွန်မက သရဲတွေ ဘာတွေ သိပ်ကြောက်တတ်တဲ့အထဲမပါပေမဲ့ သူတို့ရှိတယ် ဆိုတာကိုတော့ယုံကြည်တယ် ။ ကိုယ်တိုင်လည်း ကျောင်းသူဘဝကတည်းက ဟိုသံကြား ဒီသံကြားတွေကရှိပေမဲ့ ကြာတော့လည်း ပျောက်သွားတာပါပဲ ။ ကျွန်မစိတ်ထင်
"အေးပါ ငါလိုက်ခဲ့ပါ့မယ် "
ဒီလိုနဲ့ ကျွန်မ အိမ်ပြန်ရောက်တော့ ဖေဖေ့ကား ရပ်ထားတာတွေ့လိုက်ရတယ် ။ ဒီနေ့က သူ့ ဆေးခန်းမှာ ရှိနေရမဲ့ရက်ကို ဘာလို့များ အိမ်မှာရှိနေသလဲလို့ကျွန်မလည်း တွေးရင်း အိမ်ထဲကို ဝင်လာတော့တယ်။
"ဖေဖေ ပြန်ရောက်နေတာပဲ "
ဖေဖေ့ မျက်နှာမကောင်းပေ ။ အဖေ့ဘေးမှာထိုင်နေတဲ့ ကြီးအေးကလည်း အဖေ့ကို နှစ်သိမ့်ပေးနေပုံပါပဲ ။
"အင်း .. ။ ထိုင်ဦး နွေဦးလေပြေ "
ဖေဖေ့အသံဟာ တစ်ခုခုကို ဆုံးဖြတ်ချက်ချထားပုံပဲ ။
"ဖေဖေ သမီးကို ပြောစရာရှိလို့လား "
"အင်း...။ လွန်ခဲ့တဲ့ ၇ နှစ်ပတ်ချာလည်လောက်က ဖေဖေ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဖြစ်ခဲ့တဲ့ စီစီ ဆိုတဲ့ အမျိုးသမီးကို မှတ်မိလား "
မမှတ်မိပဲ ဘယ်နေပါမလဲ။ ထို အမျိုးသမီး နာမည်ကြားတာနဲ့ သူ့ရဲ့ ရေမွှေးနံ ကြီး နှာခေါင်းထဲ လှိုင်ခနဲ ဝင်လာသည့်အထိ မှတ်မိလို့နေပါတယ် ။
VOCÊ ESTÁ LENDO
Poesia"အထက်တန်း ကျောင်းသူတစ်ယောက်က ဆရာမ တစ်ယောက်ကို ရင်ခုန်မိတာ အပြစ်ရှိတယ်ဆိုလည်း ဒီအပြစ်ကို တီချယ့်ရဲ့ မျက်ဝန်းတွေအောက်မှာသာ ခံယူပါရစေ "