Ch 306 to 310

270 23 0
                                    


Chapter 306 - ဓါးအကြိမ် တစ်သောင်းဆွဲထုတ်ခြင်း

ယန်ချီက သူ့ဓါးငယ်လေးကို ဆွဲထုတ်လိုက်တယ်။

“ဓါးဆွဲထုတ်မှတ် + ၁”

“ပိုင်ရှင်က ဓါးကို အောင်မြင်စွာ ဆွဲထုတ်နိုင်တဲ့အတွက် အထူးရတနာသေတ္တာကို ရရှိပါတယ်”

စနစ်ရဲ့ စကားတွေကို ကြားပြီးနောက် ယန်ချီတစ်ယောက် အနည်းငယ် ကျေနပ်သွားခဲ့တယ်။

သူ့အနေနဲ့ နောက်ထပ် အထူးရတနာသေတ္တာကို ရလိမ့်မယ်လို့ မမျှော်လင့်ထားမိပါဘူး။

ယန်ချီလည်း ဘာမှ စဉ်းစာမနေတော့ပဲ အထူးရတနာသေတ္တာကို ဖွင့်လိုက်တယ်။

“အထူးဓါးဆွဲထုတ်ခြင်းနည်းစနစ် ဆယ်ဆတိုးမြင့်ခြင်းကို ရရှိပါတယ်”

“သာလွန်ကောင်းကင်ဓါးစွမ်းရည်ကို ရရှိပါတယ်”

“ဓါးဆွဲထုတ်ပိုင်းဖြတ်ခြင်းနည်းစနစ်ကို ရရှိပါတယ်”

အထူးရတနာသေတ္တာထဲက အကြောင်းအရာတွေကို ကြည့်လိုက်တယ်။

ယန်ချီက သေတ္တာထဲက အကြောင်းအရာတွေကို ကြည့်ပြီး ဒါတွေ ရှိနေပါလားဆိုပြီး သက်ပြင်းချလိုက်မိတယ်။

ကောင်းကင်ဓါးစွမ်းရည်က အရင်ကနဲ့အတူတူပါပဲ။

အထူးဓါးဆွဲထုတ်ခြင်း ဆယ်ဆတိုးမြင့်ခြင်းနဲ့ ဓါးပိုင်းဖြတ်ခြင်းနည်းစနစ်တွေက သာလွန်ကောင်းကင် ဓါးစွမ်းရည်ကြောင့် ဖြစ်လာတာဆိုတာကို သိပါတယ်။

ဒီအကြောင်းအရာတွေကို နားလည်ပြီးနောက် သူ့ရဲ့ စိတ်ထဲမှာ အချက်အလက်ဇယားအသစ်တစ်ခု ပေါ်လာခဲ့တယ်။

“ပိုင်ရှင် ယန်ချီ”

“အသက် ဆယ့်ခြောက်နှစ်”

“အဆင့် - အဆင့် သုည စိတ်ဝိဉာဉ်သခင်”

“စိတ်ဝိဉာဉ်လက်နက် မရှိပါ”

“ဆက်နွယ်မှုလက်နက် ဓါးငယ်လေး”

“သိုင်းနည်းစနစ် မရှိ”

“ကျင့်စဉ်နည်းစနစ် ဓါးအကြိမ်သန်းပေါင်းများစွာဆွဲထုတ်ခြင်း၊ ဓါးဆွဲထုတ်ခြင်းနည်းစနစ် ၊ ဓါးဆွဲထုတ်ပိုင်းဖြတ်ခြင်းနည်းစနစ်”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now