Ch 311 to 315

239 24 0
                                    


Chapter 311 - င့ါမှာ အစွမ်းမရှိဘူးလို့ ဘယ်သူ ပြောတာလဲ

ဒီနေ့ကတော့ သူနဲ့ ယန်ယွင်တို့ တိုက်ခိုက်ရမယ့်နေ့ပါ။

သိုင်းပညာလေ့ကျင့်ရေးကွင်းရဲ့ အလယ်မှာ အသက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက်ရှိပြီး အနည်းငယ် ချောမောခန့်ညားတဲ့ လူငယ်တစ်ဦး ပေါ်လာခဲ့တယ်။

ဒီလူငယ်ကတော့ အခြားသူ မဟုတ်ပါဘူး။ ယန်ယွင်ပါပဲ။

ယန်ယွင်ရဲ့ အမူအယာက ဆောင့်ကြွားကြွားဖြစ်နေခဲ့ပြီး သူ့မျက်နှာထက်မှာလည်း မောက်မာမှုတွေ ပေါ်လွင်နေခဲ့တယ်။

လေ့ကျင့်ရေးကွင်းဘေးပတ်လည်မှာတော့ ယန်မျိုးနွယ်က လူငယ်တွေအားလုံး ရောက်ရှိနေကြတယ်။ သူတို့အားလုံးက ယန်ချီတစ်ယောက် မောက်မာမှုအတွက် ဘယ်လိုပေးဆပ်ရမလဲဆိုတာကို မြင်ချင်နေကြသူတွေပါ။

“ယန်ချီက ဘာကြောင့် မလာသေးတာလဲ။ သူက ကြောက်လို့ မလာတော့တာလား”

“ငါတော့ သူ လာရဲမယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် သူက သာမန်လူတစ်ယောက်လေ။ ဒါကြောင့် ဘယ်လိုလုပ်ပြီး သူက ယန်ယွင်ရဲ့ ပြိုင်ဖက် ဖြစ်နိုင်မှာလဲ”

“ဘယ်သူက ပြိုင်ခိုင်းနေလို့လဲ။ သူပဲ ယန်ယွင်ကို တိုက်ခိုက်ဖို့ စပြီး စိန်ခေါ်တာ ရယ်စရာ ကောင်းလိုက်တာ”

လေ့ကျင့်ရေးကွင်းဘေးမှာ ရှိနေတဲ့ လူငယ်တွေအားလုံးက ယန်ချီကို လှောင်ပြောင်ပြောဆိုနေကြတယ်။

အခြားတစ်ဖက်မှာတော့။. .  . ယန်မျိုးနွယ်ခန်းမထဲမှာတော့ ယန်မျိုးနွယ်မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေအားလုံး ရှိနေကြတယ်။

“တတိယ ညီလေး မင်းရဲ့သားနဲ့ ငါ့သားတို့ တိုက်ခိုက်ကြမယ်လို့ ကြားတယ်။ မင်းသားက အရင်စပြီး စိန်ခေါ်တာဆိုပဲ။ မင်းရော ဘယ်လို ထင်မိလဲ”

မဟာအကြီးအကဲ ယန်ခွန်က တတိယအကြီးအကဲ ယန်ခိုင်ကို ကြည့်လိုက်ပြီး အလွန်ဂုဏ်ယူစွာနဲ့ ပြောလိုက်တယ်။

“မဟာအကြီးအကဲ အများကြီး သိပ်ပြီး စဉ်းစားမနေနဲ့”

ယန်ခိုင်က မဟာအကြီးအကဲကို စူးစိုက်ကြည့်ပြီး ပြောလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now