Ch 341 to 345

212 23 0
                                    


Chapter 341 - ရှဂျီပါး

လမ်းပေါ်က လူတွေ ရှောင်တိမ်းလိုက်ကြတာကို မြင်ပြီးနောက် ယန်ချီက အသက်ပြင်းပြင်း ရှုသွင်းလိုက်တယ်။ သူသာ ဒီမြင်းနဲ့ တိုက်မိသွားပါက အသက်သေဆုံးသွားနိုင်တယ်လို့ လူတွေက ထင်လိုက်ကြတယ်။

ရုတ်တရက် မြင်းက ယန်ချီဆီကို ပြေးဝင်လာခဲ့တယ်။

ဒါပေမယ့်လည်း လူတွေက ယန်ချီကို မြင်တော့ မျက်နှာပေါ်မှာ အံ့သြတဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ မကြာခင်မှာ ပြပွဲကောင်းတစ်ခုကို သူတို့တွေ မြင်ရတော့မယ်ဆိုတာ သိနေတာကြောင့်ပါ။

ယန်ချီက ရှောင်တိမ်းချင်တဲ့ ဆန္ဒမရှိတာကို မြင်တော့ မြင်းနဲ့လူက မြင်းကို ရပ်တန့်လိုက်တယ်။

“မင်း သေချင်နေတာလား။ ငါ့ကို ရပ်ခိုင်းရဲတယ်”

“မင်းက ဘယ်သူလဲ”

ယန်ချီက မြင်းစီးလာတဲ့သူကို တခါတည်း မေးလိုက်တယ်။

မြင်းစီးလာတဲ့သူက ယန်ချီရဲ့ စကားကို ကြားတဲ့အခါ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်တယ်။ “ငါက ရှဂျီပါး”

“ဒီကောင်က ဘယ်လောက်တောင် အနိုင်ကျင့်တာလဲ။ ဒီကောင်ကြောင့် စိတ်ဒုက္ခရောက်သူ ဘယ်လောက်တောင် ရှိနေပြီလဲ”

ယန်ချီတစ်ယောက် ဒီအကြောင်းကို တွေးမိပြီး ငေးမောနေခဲ့တယ်။

ဒီနာမည်က စိတ်ဝင်စားဖို့ ကောင်းသားပဲ။

တကယ်တော့ ရှဂျီပါးက ယန်ချီကို မသိပါဘူး။ သူက ယန်ချီကို အေးတိအေးစက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ အမြင်မှာတော့ ယန်ချီဆိုတာ ကောင်းကင်နဲ့မြေကြီးကြားက လောကကြီးအကြောင်းကို မသိတဲ့ လူငယ်လေး တစ်ယောက်လို့သာ မြင်နေခဲ့တယ်။

ဘေးကနေ ကြည့်နေတဲ့ လူတွေအားလုံးက ရယ်မောလိုက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ရှဂျီပါးက သူ ဘယ်သူနဲ့ ရင်ဆိုင်နေရလဲဆိုတာ မသိပဲ မောက်မာနေတာကြောင့်ပါ။

“မင်း အနေနဲ့ လမ်းပေါ်မှာ မြင်းကို စီးနိုင်တယ်။ ဒါပေမယ့် လူတွေ ထိခိုက်ဒဏ်ရာ ရနိုင်တာကြောင့် အမြန်မစီးသင့်ဘူး”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now